အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းထင်ကိုကိုကြီး၏ အရေးအသား ၁၀ ခု တပ်ကို အသရေဖျက်ဟု တိုင်ကြားချက်တွင် ပါရှိ

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အမှုဖွင့်ထားသည်မှာ ၎င်း Facebook ပေါ်တွင် ရေးသားခဲ့သည့် ရေးသားချက် ၁၀ ခုကြောင့် ဖြစ်ကြောင်း ယနေ့ သိရှိရသည်။

၎င်း၏Facebook “Ko Ko Gyi” တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အတွင်း ရေးသားခဲ့သည့် ရေးသားမှုများသည် တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ဆိုကာ အင်းစိန်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခံထားရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ၎င်းကို ပြောဆိုခဲ့သည်ဟု သိရှိရသည်။

ထိုရက်များအတွင်း ၎င်း၏ရေးသားချက်များတွင် တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ဝင်ရောက်နေရာယူထားမှု၊ လွှတ်တော်တွင် တပ်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ချက်များကို ကန့်ကွက်မှုများ အကြောင်း ဝေဖန်ထားသည်ကို တွေ့ရသည်။

ယနေ့ နေလယ် ၁၂ နာရီက ရဲစခန်းတွင် သွားရောက် စစ်ဆေးခံခဲ့ကြောင်း၊  ရဲစခန်းက ၎င်းကို အာမခံဖြင့် ပြန်လွှတ်လိုက်ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းအား မတ်လ ၂၉ ရက်နေ့တွင် အမှုဖွင့်ခဲ့သူမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမျိုးရန်နောင်သိန်း၊ The Voice ဂျာနယ်မှ တာဝန်ရှိသူတို့ကိုလည်း လွန်ခဲ့သည်နှစ်များက တပ်မတော်ကို အသရေညှိုးနွမ်းအောင်ပြုသည် ဟူသော အလားတူစွဲချက်ဖြင့် တရားစွဲခဲ့သူမှာလည်း ဒုတိယဗိုလ်မှူးကြီး လင်းထွန်းဖြစ်သည်။

မင်းထင်ကိုကိုကြီးက တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ရဲစခန်းမှ ပြန်အထွက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ နိုင်ငံရေးအရ မှန်ကန်တဲ့အသိလေးတွေ ရစေချင်တဲ့စိတ် ကိုယ့်မှာရှိတယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို လည်းကောင်း ပုတ်ခတ်စော်ကားလိုခြင်း ကိုယ့်မှာ မရှိဘူး” ဟု ၎င်းက ပြောသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်း ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့် ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားနေသူဖြစ်သည်။

သူရင်ဆိုင်ရမည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ အထိ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများမှာ ၁၇၉ မှု ရှိပြီ ဖြစ်ကြောင်း အသံ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုလှုပ်ရှားမှုအဖွဲ့) က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button