
ဇန်နဝါရီ ၁၅ ဟာ ရန်ကုန်ရဲ့ အများပြည်သူသုံး ဘတ်စကားလိုင်းတွေ အဆုံးသတ်တဲ့နေ့ပါ။
နောက်တစ်နေ့မှာတော့ ကားလိုင်းတွေက လမ်းကြောအသစ်တွေကနေ ဆွဲကြမှာဖြစ်ပါတယ်။
ယာဉ်ဝန်ထမ်းအများအပြား ရဲ့ စရိုက်ကြမ်းကြမ်း၊ ဘတ်စကားလမ်းကြောင်း စနစ်မကျမှု၊ ကားလမ်း ပိတ်ဆို့ခြင်း အစရှိတာတွေကို နေ့စဉ် ကြုံတွေ့နေရတာကြောင့်
အပြောင်းအလဲကို ကြိုဆိုကြသူအများအပြားရှိပါတယ်။
ရန်ကုန်ရဲ့ မဟာအပြောင်းအလဲနဲ့ ပတ်သက်ပြီး တိတိကျကျ ကြိုတင်ကြေညာခြင်း မရှိတာကိုတော့ မနှစ်သက်ကြပါဘူး။
အပြောင်းအလဲမပြုလုပ်ခင်မှာ ယာဉ်ပိုင်ရှင်တွေ အခက်အခဲ ကြုံနေကြပါတယ်။
ပြောင်းလဲပြီးရင်တော့ ဘတ်စကားစီးခရီးသည်များက စနစ်သစ်ဆိုင်ရာ အခက်အခဲကို ရက်အတန်ကြာ ရင်ဆိုင်ရပါမယ်။
ခရီးသည်များကို ကူညီဖို့အတွက်တော့ အစိုးရက လုပ်အားပေး အများအပြားကို စည်းရုံး ခေါ်ယူပြီးပါပြီ။
စနစ်သစ်မှာ ယာဉ်အားလုံးကတော့ အသစ် မဟုတ်ပါဘူး။ မော်တော်ယာဉ်အဟောင်းတွေကိုလည်း လအနည်းငယ် ဆက်လက် အသုံးပြုရမှာပါ။
စနစ်ဟောင်းရဲ့ နောက်ဆုံးနာရီတွေမှာ မြင်တွေ့ရတာ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။



လမ်းညွှန်စာရွက်တွေကို နေရာအနှံ့ ရောင်းချကြတာ တွေ့ရမှာပါ။ ဒါကတော့ ရန်ကုန်မြစ်ကူးသင်္ဘောပေါ်က ဈေးသည်တစ်ဦး လမ်းညွှန်စာရွက်ရောင်းနေပုံပါ။