အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ဘတ်စကားလမ်းဟောင်းရဲ့ နောက်ဆုံးနေ့

ဇန်နဝါရီ ၁၅ ဟာ ရန်ကုန်ရဲ့ အများပြည်သူသုံး ဘတ်စကားလိုင်းတွေ အဆုံးသတ်တဲ့နေ့ပါ။

နောက်တစ်နေ့မှာတော့ ကားလိုင်းတွေက လမ်းကြောအသစ်တွေကနေ ဆွဲကြမှာဖြစ်ပါတယ်။

ယာဉ်ဝန်ထမ်းအများအပြား ရဲ့ စရိုက်ကြမ်းကြမ်း၊ ဘတ်စကားလမ်းကြောင်း စနစ်မကျမှု၊ ကားလမ်း ပိတ်ဆို့ခြင်း အစရှိတာတွေကို နေ့စဉ် ကြုံတွေ့နေရတာကြောင့်
အပြောင်းအလဲကို ကြိုဆိုကြသူအများအပြားရှိပါတယ်။

ရန်ကုန်ရဲ့ မဟာအပြောင်းအလဲနဲ့ ပတ်သက်ပြီး တိတိကျကျ ကြိုတင်ကြေညာခြင်း မရှိတာကိုတော့ မနှစ်သက်ကြပါဘူး။
အပြောင်းအလဲမပြုလုပ်ခင်မှာ ယာဉ်ပိုင်ရှင်တွေ အခက်အခဲ ကြုံနေကြပါတယ်။

ပြောင်းလဲပြီးရင်တော့ ဘတ်စကားစီးခရီးသည်များက စနစ်သစ်ဆိုင်ရာ အခက်အခဲကို ရက်အတန်ကြာ ရင်ဆိုင်ရပါမယ်။

ခရီးသည်များကို ကူညီဖို့အတွက်တော့ အစိုးရက လုပ်အားပေး အများအပြားကို စည်းရုံး ခေါ်ယူပြီးပါပြီ။

စနစ်သစ်မှာ ယာဉ်အားလုံးကတော့ အသစ် မဟုတ်ပါဘူး။ မော်တော်ယာဉ်အဟောင်းတွေကိုလည်း လအနည်းငယ် ဆက်လက် အသုံးပြုရမှာပါ။

စနစ်ဟောင်းရဲ့ နောက်ဆုံးနာရီတွေမှာ မြင်တွေ့ရတာ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ခရီးသည်တွေအတွက်တော့ ဘတ်စကား စက်ပျက်လို့ ထိုးရပ်သွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ကြုံရရင် ထပ်ရောက်လာတဲ့ ကားတစ်စီးပေါ် တက်ပြီး ခရီးဆက်ရတာပါပဲ။
ဗိုလ်တထောင်မြို့နယ်အတွင်း ဘတ်စကားမှတ်တိုင်တစ်ခုမှာ လမ်းကြောင်းသစ်ကို လေ့လာနေသူတစ်ဦး။
ယာဉ်လိုင်းသစ် လမ်းညွှန်တွေကို ရန်ကုန်တစ်ဖက်ကမ်း ကွမ်းခြံကုန်းမြို့နယ်မှာလည်း တွေ့ရပါတယ်။

လမ်းညွှန်စာရွက်တွေကို နေရာအနှံ့ ရောင်းချကြတာ တွေ့ရမှာပါ။ ဒါကတော့ ရန်ကုန်မြစ်ကူးသင်္ဘောပေါ်က ဈေးသည်တစ်ဦး လမ်းညွှန်စာရွက်ရောင်းနေပုံပါ။

ဝန်ကြီးများရုံးဟောင်းဘေး ဖြတ်သွားတဲ့ ဘတ်စကားငယ်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button