အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်က တရားစွဲထားသော အမှု ၅ မှုကို ရုပ်သိမ်းမည်

ရှမ်းပြည်နယ် သီပေါအကျဉ်းထောင်တွင် တရားမဝင်အသင်းအဖွဲ့ဆက်သွယ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းထောက် ၃ ဦးနှင့် The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့အား စွဲဆိုထားသော အမှုများအပါအဝင် တပ်မတော်က စွဲဆိုထားသော အမှု ၅ မှုကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များအား သင်ပုန်းချေ၍ ယခုကဲ့သို့ တပ်မတော်က အမှုရုပ်သိမ်းခြင်းဖြစ်ကြောင်း၊ အမှုကျေအေးရုပ်သိမ်းသွားမည်ကို တပ်မတော်က မြန်မာနိုင်ငံသတင်းစာကောင်စီသို့ စာဖြင့် တရားဝင်အကြောင်းကြားလာခြင်းဖြစ်ကြောင်း သတင်းစာကောင်စီအဖွဲ့ဝင်ဖြစ်သူ ဦးမြင့်ကျော်က ဆိုသည်။

တပ်မတော်က ရုပ်သိမ်းမည့် အမှု ၅ မှုတွင် Eleven Daily သတင်းစာအယ်ဒီတာချုပ်အား ပုဒ်မ ၅၀၂ ဖြင့် စွဲဆိုထားသောအမှု၊ တပ်မတော်အား ဂုဏ်သိက္ခာကျစေသည်ဟူသော စွဲချက်ဖြင့် တရားစွဲခံထားရသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးထင်ကျော် (ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့) နှင့် တပ်မတော်အား သံချပ်တိုက်ပြီး သရော်ခဲ့သည့် တောင်ငူဗကသကျောင်းသား ဝေယံသိန်း (ခေါ်) ဗစ်တာတို့ အသီးသီးအား စွဲဆိုထားသည့်အမှုတို့လည်း ပါဝင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button