သတင်း

တပ်မတော်က တရားစွဲထားသော အမှု ၅ မှုကို ရုပ်သိမ်းမည်

ရှမ်းပြည်နယ် သီပေါအကျဉ်းထောင်တွင် တရားမဝင်အသင်းအဖွဲ့ဆက်သွယ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းထောက် ၃ ဦးနှင့် The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့အား စွဲဆိုထားသော အမှုများအပါအဝင် တပ်မတော်က စွဲဆိုထားသော အမှု ၅ မှုကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များအား သင်ပုန်းချေ၍ ယခုကဲ့သို့ တပ်မတော်က အမှုရုပ်သိမ်းခြင်းဖြစ်ကြောင်း၊ အမှုကျေအေးရုပ်သိမ်းသွားမည်ကို တပ်မတော်က မြန်မာနိုင်ငံသတင်းစာကောင်စီသို့ စာဖြင့် တရားဝင်အကြောင်းကြားလာခြင်းဖြစ်ကြောင်း သတင်းစာကောင်စီအဖွဲ့ဝင်ဖြစ်သူ ဦးမြင့်ကျော်က ဆိုသည်။

တပ်မတော်က ရုပ်သိမ်းမည့် အမှု ၅ မှုတွင် Eleven Daily သတင်းစာအယ်ဒီတာချုပ်အား ပုဒ်မ ၅၀၂ ဖြင့် စွဲဆိုထားသောအမှု၊ တပ်မတော်အား ဂုဏ်သိက္ခာကျစေသည်ဟူသော စွဲချက်ဖြင့် တရားစွဲခံထားရသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးထင်ကျော် (ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့) နှင့် တပ်မတော်အား သံချပ်တိုက်ပြီး သရော်ခဲ့သည့် တောင်ငူဗကသကျောင်းသား ဝေယံသိန်း (ခေါ်) ဗစ်တာတို့ အသီးသီးအား စွဲဆိုထားသည့်အမှုတို့လည်း ပါဝင်သည်။

Show More

Related Articles

Back to top button