အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငြိမ်းချမ်းရေးကဗျာရွတ်ပွဲမှာပါဝင်တဲ့ ကိုဇေယျာလွင်ကို ထပ်မံအမှုဖွင့်မည်

ရန်ကုန်မြို့လယ်ကောင် မဟာဗန္ဓုလပန်းခြံက ငြိမ်းချမ်းရေးကဗျာရွတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ကိုဇေယျာလွင်ကို ကျောက်တံတားရဲစခန်းကို လိုက်ခဲ့ဖို့ ရဲအရာရှိတွေက ပြောဆိုခဲ့ပေမဲ့ သူဟာ လူအုပ်ထဲကနေ ကိုယ်ပိုင်ကားတစ်စီးပေါ်ကို အတင်းပြေးတက်ကာ ထွက်ခွာသွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ သူ့ကို မျက်ခြည်ပြတ်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးကဗျာရွတ်တဲ့ ကဗျာဆရာတွေကို အရေးယူခြင်းမရှိပေမဲ့ ကိုဇေယျာလွင်ပြောဆိုချက်မှာ အစိုးရကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေပါလို့ အမှုဖွင့်ဖို့ လုပ်ဆောင်ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကိုဇေယျာလွင်ဟာ စနေနေ့က တာမွေဆန္ဒပြပွဲမှာ ဖမ်းဆီးခံရပြီးနောက် အာမခံနဲ့ လွတ်မြောက်လာခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် ဒေသခံပြည်သူအများအပြား စစ်ပြေးဒုက္ခသည်ဖြစ်လာတဲ့အပေါ် မြန်မာနိုင်ငံနေရာအနှံ့ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီလိုပြုလုပ်နေသူတွေကို အာဏာပိုင်များက ဖမ်းဆီးတရားစွဲမှုတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button