သတင်း

မြေနီကုန်းတွင် မျက်နှာဖုံးကွယ်ထားသူတချို့ ဆန္ဒဖော်ထုတ်

စက်တင်ဘာ ၁၄ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတွင် မျက်နှာဖုံးကွယ်ထားသူတချို့ ဆန္ဒဖော်ထုတ်ခဲ့သည်ကို တွေ့ရသည်။

ဆန္ဒပြသူတို့က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဖုယွင်စက်ရုံ အလုပ်သမားသပိတ်ကို အမြန်ဆုံးဖြေရှင်းပေးရေးအတွက် အစိုးရကို တောင်းဆိုကြသည်။

တောင်းဆိုချက်များထဲတွင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇော်အေးမောင်ကို ရာထူးမှ အနားပေးရေးလည်း ပါဝင်သည်။

စက်ရုံအလုပ်သမားတို့၏အခက်အခဲကို ဖြေရှင်းရာတွင် ဝန်ကြီးက ဘက်လိုက် ဆောင်ရွက်ခဲ့သည်ဟု ဆန္ဒပြသူတို့က စွပ်စွဲထားသည်။

Show More

Related Articles

Back to top button