
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့မှာပိတ်ဆို့ပြီး ဝန်ကြီးချုပ်နဲ့တွေ့ဖို့တောင်းဆိုနေတဲ့ သပိတ်မှောက်အလုပ်သမားတွေကို အောက်တိုဘာ၂၉ရက် နေ့လယ်ပိုင်းက အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ခေါ်ယူဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အလုပ်သမားတွေက အစိုးရအဖွဲ့ရုံးရှေ့မှာ ညအိပ်တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဒီနေ့ည ၉နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလုပ်သမားတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး မနက်ဖြန် အောက်တိုဘာ ၃ဝရက် မှာ အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။