အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်လက်မြို့နယ်အခြေစိုက် DVB သတင်းထောက် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ DVB သတင်းထောက် ကိုအောင်စံလင်းကို ဒီဇင်ဘာ ၁၁ ရက်တွင် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် မည်သို့အခြေအနေရှိသည်ကို သုံးရက်ကြာသည်အထိ မိသားစုများ၊ ဒေသခံများက စုံစမ်း၍မရသေးပေ။

ညသန်းခေါင်တွင် ပင်ဇင်းရွာရှိ သူ၏ နေအိမ်သို့ စစ်သား ၂၀ခန့် ကားနှစ်စီးဖြင့် ရောက်လာကာ ဖမ်းခေါ်သွားကြောင်း၊ ဒီဇင်ဘာ ၁၂ တွင် ဝက်လက်မှ ရွှေဘိုရဲစခန်းသို့ ပို့ဆောင်လိုက်ပြီဟု သိရကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုသတင်းများကို စုဆောင်းထုတ်ပြန်နေသည့် ဝက်လက်မြို့နယ် သတင်းပြန်ကြားရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး” ဟု အဆိုပါ ကော်မတီဝင်က ပြောသည်။ 

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ် မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုအောင်စံလင်းသည် ဝက်လက်နယ်ခံသတင်းထောက်အဖြစ် လေးနှစ်ကျော်ကြာ လုပ်ကိုင်နေသူဖြစ်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၁၃) တွင် DVB သတင်းဌာနက ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းပြီးချိန်တွင် အဖမ်းအဆီးများရှိနေသည့်ကြားက သတင်းများရေးသားပေးပို့နေသူဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ကိုအောင်စံလင်း၏ လက်ကိုင်ဖုန်းကို စစ်သားများက စစ်ဆေးပြီးနောက် ရိုက်နှက်ခေါ်ဆောင်သွားကြောင်း DVB က အတည်ပြုသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝက်လက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ ၃ ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် အရပ်ဝတ်လက်နက်ကိုင် (ပျူစောထီး) တို့ ပူးပေါင်းမီးရှို့ခဲ့သည့် သတင်းတင်ဆက်မှုကြောင့်ဖြစ်နိုင်ကြောင်း DVB က ခန့်မှန်းသည်။

စစ်ကောင်စီက သတင်းထောက်များကိုပါ ဖမ်းဆီးနေရာ DVB သတင်းထောက်များဖြစ်သည့် ကိုအောင်ကျော်၊ ကိုမင်းညိုနှင့် ကိုသက်နိုင်ဝင်းတို့ ထောင်ဒဏ် ၂ နှစ် မှ ၃နှစ်အထိ ချမှတ်ခံရဖူးပြီး အောက်တိုဘာ ၁၈ တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၎င်းတို့ ပြန်လည်လွတ်မြောက်လာသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဒီဗီဘီအပါအဝင် ရန်ကုန်ခေတ်သစ်၊ 7 Day, Delta News Agency, Mizzima, Myanmar Now, The 74 Media, မြစ်ကြီးနားသတင်းဂျာနယ်၊ တာချီလိတ်သတင်းအေဂျင်စီ စသည့် သတင်းဌာန ၉ ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းကြောင်း ကြေညာထားသည်။  

အာဏာသိမ်းပြီး ၁၀လကျော်အတွင်း သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း လေ့လာမှတ်တမ်းတင်နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့များက ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရဆဲဖြစ်သည့် သတင်းထောက်များကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀ (က)၊ မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က စသဖြင့် ပြစ်ဒဏ်ကြီးလေးသည့် ပုဒ်မများဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။

နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၏ ဒီဇင်ဘာလဆန်းထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီ ဆက်လက်ဖမ်းဆီးထားသည့် သတင်းသမားအရေအတွက် ၂၆ ဦးထက်မနည်း ရှိနေကြောင်း၊ မြန်မာသည် သတင်းထောက်ဖမ်းဆီးခံရသည့် စာရင်း၌ ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button