လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ အရင်အာဏာသိမ်းမှု ဖြစ်စဥ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အခုအခြေအနေဟာ အဆိုးရွားဆုံး စနစ်ဆိုးကို ကြုံတွေ့နေရတာလို့ ယောတပ်တော် YA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ယောလေးက ပြောပါတယ်။
ရဲဘော်ယောလေးဟာ အရင်က DVB သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို မျက်မှောက်ခေတ် သတင်းဌာနကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူဟာ မီဒီယာအလုပ်ကို စွန့်ခွာပြီး သေနတ်ပြောင်းကိုင်ကာ တော်လှန်ရေးလုပ်နေသူ တစ်ဦးဖြစ်ပါတယ်။
သူဘာကြောင့် သတင်းသမားဘဝကို စွန့်လွတ်ပြီး တော်လှန်ရေးထဲ ခြေစုံပစ်ဝင်လိုက်တာပါလဲ၊ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
သတင်းနှင့်ရိုက်ကူး – ရွှေပြည်စိုး
တည်းဖြတ်၊ တင်ဆက် – ကိုလှိုင်း



