အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သံဖြူဇရပ် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို PDF ဗုံးခွဲတိုက်ခိုက်

အောက်တိုဘာ ၁၉ ရက်နေ့က မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိခြင်းမှာ ရုံးချိန်ကျော်မှ တိုက်ခိုက်ခြင်းကြောင့် ဖြစ်သည်ဟု ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချိန်ကိုက်ဗုံးကွဲခဲ့သည့်ရုံးမှာ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးဝန်ထမ်းများ မထိခိုက်ရန် ညနေပိုင်းအချိန်ကို ရွေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။  

“ဒီတစ်ကြိမ် သတိပေးအကြိမ်ဖြစ်လို့ ထိခိုက်မှုမရှိအောင် လုပ်တယ်။ ကျွန်တော်တို့ အချိန်ယူစောင့်ကြည့်တယ်။ သူတို့ကို လုပ်လို့ရပေမဲ့ မထိခိုက်အောင် ရုံးဆင်းချိန်မှာ တိုက်ခိုက်တယ်” ဟု ရေးမြို့နယ် PDF တာဝန်ရှိသူက ပြောသည်။

ရုံးအပြင်ဘက် အုတ်တံတိုင်းနှင့် ရုံးအဆောက်အအုံ အနည်းငယ်ပျက်စီးသွားပုံကို PDF က ထုတ်ပြန်သော ဓာတ်ပုံများတွင် တွေ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာပြည်တောင်ပိုင်းဒေသ စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်ရာတွင် အများပြည်သူမထိခိုက်စေရန် ဂရုစိုက်နေရကြောင်း၊ မွန်ပြည်နယ်အတွင်း မလိုအပ်ဘဲခရီးသွားလာမှု များပြားနေခြင်းကြောင့် ၎င်းတို့၏ စစ်ဆင်ရေးအစီအစဉ်များ အပြောင်းအလဲလုပ်ရကြောင်း ရေးမြို့နယ် PDF တာဝန်ရှိသူက ဆက်ပြောသည်။

“တစ်နိုင်ငံလုံးခုခံနေချိန် ဘုရားဖူးတွေ ထွက်နေကြတယ်။ သံဖြူဇရပ်မြို့မှာဆိုလည်း ကျိုက္ခမီရေလယ်ဘုရား သွားကြတာတွေရှိတယ်။ အဲဒါလည်း ကျွန်တော်တို့တင်မဟုတ်ဘူး၊ တစ်နိုင်ငံလုံးက PDF တွေ အဲဒီလိုအခြေအနေတွေ ကြုံနေရတယ်။ ပြည်သူတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုဖို့ တိုက်တွန်းပါတယ်” ဟု သူက ဆိုသည်။

အောင်ချမ်းသာရုံးတိုက်ခိုက်မှုကို ရေးနှင့် သံဖြူဇရပ် မြို့နယ်တို့မှ PDF ၂ဖွဲ့ ပူးပေါင်းဆောင်ရွက်သည်ဟု သူက ဆက်ပြောသည်။

ဗုံးကွဲပြီးနောက်ပိုင်းတွေ့ရသည့် ရုံးအတွင်းပိုင်းနှင့် ပြတင်းပေါက်များ ပျက်စီးမှု

ရေးနှင့် သံဖြူဇရပ်သည် မိုင် ၆၀ နီးပါး ကွာဝေးသည်။

ထိုဒေသတွင် PDF များက စစ်ကောင်စီဘက်တော်သား ဒလန်များ၊ အာဏာသိမ်းမှုထောက်ခံသော ပျူစောထီးအဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ကြေညာထားသည်။

စစ်ကောင်စီတပ်ကလည်း PDF အဖွဲ့ဝင်ဟု ယူဆရသော ဒေသခံများကို ပစ်ခတ်သတ်ဖြတ်နေသည်။

စက်တင်ဘာ ၁၉ ညနေ ၃ နာရီတွင် ရေးမြို့နယ် PDF က တံတားတစ်ခုရှိ လုံခြုံရေးကင်းတဲကို သွားရောက်တိုက်ခိုက်ခဲ့ရာ ထိုည ၉ နာရီခန့်တွင် ထိုတံတားအောက် ဖြတ်သွားသော အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်။

တံတားထိပ်ရှိ လုံခြုံရေးကင်းတဲကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်သောကြောင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း “ရဲအသိုင်းအဝိုင်း” ကို ကိုးကားပြီး ဒေသအခြေစိုက် မွန်သတင်းအေဂျင်စီ သတင်းတစ်ပုဒ်တွင် ရေးထားသည်။

စက်တင်ဘာ ၂၈ တွင် ရေးမြို့နယ်မှ စိတ်ကျန်းမာရေးမကောင်းသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့သည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက်တွင် ဒေသအများအပြားမှ အန်တုသူတို့က ရရာလက်နက်စွဲကိုင်ကာ စစ်ကောင်စီတပ်သားများ၊ အာဏာသိမ်းမှုထောက်ခံသူများကို ခုခံတိုက်ခိုက်လျက်ရှိသည်။

အာဏာသိမ်းစစ်ကောင်စီကမူ လက်နက်ကိုင်အန်တုသူတို့ကို အကြမ်းဖက်သမားများဟု တံဆိပ်ကပ်ထားသည်။

Google မြေပုံတွင် တွေ့ရသော ရေး၊ သံဖြူဇရပ်နှင့် အခြားမြို့များ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles