အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ပြည်သူလူထုရဲ့ အသက်သွေးကြောမြစ်ကို မသေသေအောင် သတ်နေတာ”

ကာလရှည်ကြာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့ မျက်နှာသာရဖို့အတွက် ပြန်လည်စတင်ဖို့ မကြာသေးခင်က အာဏာသိမ်း ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ပြောလာပါတယ်။ 

အထူးသဖြင့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကနေ အခုနှစ် အစောပိုင်းမှာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပြန်စဖို့ ကြိုးပမ်းမှုတွေ ပိုထင်ရှားလာတာပါ။ 

လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းဖို့ဆိုပြီး စစ်ဗိုလ်ချုပ်တွေက အကြောင်းပြပေမယ့် လက်တွေ့မှာ ဆိုးကျိုးပိုများလာမှာဖြစ်တာကြောင့် ပညာရှင်တွေနဲ့ ဒေသခံတွေက ဒီစီမံကိန်းကို တစိုက်မတ်မတ် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ချင်နေတဲ့ စစ်တပ်ရဲ့ ရည်ရွယ်ချက်နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို မြန်မာနိုင်ငံမှာ ကျေးလက်ဖွံ့ဖြိုးရေး၊ အသိပညာပေးရေးတွေကို နှစ်ပေါင်း ၂၀ ကျော် လုပ်ဆောင်နေတဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သဘာဝသယံဇာတ တရားမျှတရေးကို ဆောင်ရွက်နေသူ ဇုန်းသိန်း နဲ့ Myanmar Now သတင်းထောက် မသဇင်လှိုင် တွေ့ဆုံမေးမြန်း ထားပါတယ်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရိုက်ကူး-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles