အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ဆုံစီမံကိန်းဖျက်ရန် ဝိုင်းမော်တွင် အကြီးအကျယ် ဆန္ဒပြ

ဧရာဝတီမြစ်ဖျားတွင် ဧရာမ ရေကာတာကြီး တည်ဆောက်မည့် စီမံကိန်း ဖျက်သိမ်းပေးရန် ဒေသခံ တစ်သောင်းနီးပါးက ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဒေသခံတို့က “မြစ်ဆုံ ရေကာတာ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရေး၊ ဧရာဝတီမြစ် ထာဝစဉ် စီးဆင်းနိုင်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း အလိုမရှိ” စသဖြင့်  ကြွေးကြော်ခဲ့ကြသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးဘရန်မိုင်က ဆန္ဒပြသည့် အစီအစဉ်အတွက် အာဏာပိုင်တို့ထံ  ငြိမ်းစုစီ ဥပဒေ အတိုင်း ခွင့်ပြုချက်ရယူခဲ့ကြောင်း၊ ဆန္ဒပြရာတွင် ပါဝင်သူတို့မှာ ဝိုင်းမော် ဒေသခံများဖြစ်ကြောင်း၊ ဝိုင်းမော်မြို့ ယဉ်ကျေးမှု ဗိမာန်တော်က စတင် ထွက်ခွာခဲ့ပြီး မြို့ တစ်ပတ် စီတန်း လှည့်လည်ခဲ့ကြောင်း ပြောပြသည်။

မန္တလေး

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အွန်လိုင်းအခြေပြု အဖွဲ့တစ်ခုဖြစ်သည့် Freedom Fighters အဖွဲ့ကလည်း မြစ်ဆုံဆည် ဆန့်ကျင်ရေး စတစ်ကာများ ကပ်သည့် လှုပ်ရှားမှု ပြုလုပ်နေသည်။ 

ယနေ့ နံနက်ပိုင်းတွင် ထိုအဖွဲ့မှ လူငယ်တစ်ဦး ဖြစ်သူ ကိုသဲနှစ်အောင်က မန္တလေးမြို့ ၇၃ လမ်း၊ ၆၉ လမ်း၊ သိပ္ပံလမ်းတို့ရှိ ကား၊ ဆိုင်ကယ်၊ ဓာတ်တိုင်တချို့တွင် စတစ်ကာများ ကပ်နေသည်ကို တွေ့ရသည်။

“မြစ်ဆုံဆည်ကို တစ်နိုင်ငံလုံးက အလိုမရှိဘူး ဆိုတာကို သိစေချင်လို့  လုပ်တာပါ၊ အဓိကက မြစ်ဆုံစီမံကိန်းရဲ့ ဆိုးကျိုးတွေကို လူတွေကို သိစေချင်တာပါ” ဟု ၎င်းက ပြောသည်။

ထိုအဖွဲ့မှ မမိုးမိုးက ကချင်ပြည်နယ် မြို့တော်တွင်လည်း အလားတူ လှုပ်ရှားမှု ရှိခဲ့သည်ဟု ပြောသည်။

“၈ ရက်နေ့ ညနေပိုင်းက စတစ်ကာတွေကို ပန်းခြံအတွင်းနဲ့ မြစ်ကြီးနား တက္ကသိုလ်ရှေ့မှာ ကပ်ခဲ့တယ်၊  ၉ရက်နေ့မှာ မြစ်ကြီးနားမြို့နဲ့ ၂၈ မိုင်ဝေးတဲ့ မြစ်ဆုံမှာ ဆိုင်တွေ ကားတွေ ၊ ဆိုင်ကယ်တွေမှာ ကပ်ပြီး မြစ်ဆုံကို လာသူတွေကို စတစ်ကာတွေ ဝေခဲ့တယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်၊ ပဲခူး၊  ကံမ၊  မင်းလှ၊  ပျော်ဘွယ်၊ ရမည်းသင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော် တို့ကိုလည်း စတေကာများ ပေးပို့ထားကြောင်း သူက ဆက်ပြောသည်။

မမြင်ရသေးသော စာချုပ်

ဧရာဝတီမြစ်ကြီး စတင်ရာ မေခနှင့်မလိခ မြစ်ဆုံအနီးတွင် အကောင်အထည် ဖော်ခဲ့သော အငြင်းပွားဖွယ် စီမံကိန်းသည် တပ်မတော် အစိုးရ လက်ထက်က ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်က ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ဤစီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား အများစုကို တရုတ်က ရမည်ဖြစ်ပြီး စီမံကိန်းကြောင့် မြစ်ကြောင်းတလျှောက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည့် အခြေအနေနှင့် ရင်ဆိုင်ရမည့် မြန်မာက အနည်းစု ရမည် ဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် သမ္မတဟောင်း ဦးသိန်းစိန်က ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ဤစီမံကိန်းကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်အစိုးရလက်ထက် မြစ်ဆုံစီမံကိန်းကို ပြည်သူအများ ကန့်ကွက်နေကြချိန်တွင် ၎င်းကိုယ်တိုင် စီမံကိန်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထောက်ခံကာ ဧရာဝတီမြစ်ကို ကယ်တင်ပေးကြပါရန် နိုင်ငံတကာသို့ပါ မေတ္တာရပ်ခံခဲ့သူဖြစ်သည်။

ထို့ပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က ၎င်းတို့ပါတီအာဏာရပါက မြစ်ဆုံစာချုပ်ပါ အချက်များကို ပြည်သူအား ဦးဆုံးချပြမည်ဟု ကတိပေးခဲ့သူဖြစ်သည်။

သို့သော်လည်း NLD သည် အာဏာရခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်ချိန်အထိ စာချုပ်ပါ အချက်အလက်များကို ချပြခြင်း မရှိသေးသကဲ့သို့ စီမံကိန်းနှင့်ပတ်သက်ပြီး သဘောထားတစ်ခု၊ မူဝါဒတစ်ရပ်ကို အတိအလင်း ကြေညာခြင်းလည်း မရှိသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button