အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ဆုံအရေး အမြင်ကျယ်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် အမြင်ကျယ်ကျယ်နှင့် အဘက်ဘက်က စဉ်းစားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်း ပြည်မြို့တွင် ယနေ့ပြောကြားလိုက်သည်။

“မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ဘယ်လိုပဲကြီးကျယ်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ကျွန်မတို့ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ အဘက်ဘက်ကနေပြီးတော့ စဉ်းစားစေချင်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြည်မြို့လူထုတွေ့ဆုံပွဲတွင် ပြည်သူတစ်ဦး၏ မြစ်ဆုံအရေး မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည် သို့မဟုတ် လုံးဝရပ်ပစ်မည်ဆိုသည်ကို တိတိကျကျ အဖြေမပေးခဲ့သော်လည်း အစိုးရဘက်က ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ပါက မည်သည့်အတွက်ကြောင့် အဆိုပါဆုံးဖြတ်ချက်ချခဲ့ရသည် ဆိုသည်ကို ပြည်သူလူထုအား ရှင်းပြမည်ဟု နိုင်ငံတော်အတိုင်ပင်ခံကဆိုသည်။

“အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်မှာပါ။ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့်၊ ဘာ့ကြောင့် ဆိုတာရှင်းပြမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စီမံကိန်းများအတွက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် အချက်လေးချက်ကို ဘက်မျှအောင် ချိန်ထိုးစဉ်းစားနေကြောင်း၊ တစ်ချက်တည်းကို အလေးပေးစဉ်းစားပါက မှားယွင်းနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတကာနှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်များတွင် အစိုးရအပြောင်းအလဲကို အကြောင်းပြ၍ မကြာခဏ သဘောထားပြောင်းလဲရန် ခက်ခဲကြောင်း၊ ကမ္ဘာ၏ယုံကြည်မှု ရရှိရန် စကားတည်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အရင်တုန်းက စတင်ခဲ့တဲ့စီမံကိန်းကြီးတွေကို ကျွန်မတို့ ကနေပြီးတော့၊ ကျွန်မတို့အစိုးရတက်ပြီ ၊ ဘယ်ဟာမှဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာလုပ်မယ်ဆိုပြီး ပြောလို့မရဘူး။ အဲ့ဒိလိုလုပ်လို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံမဟုတ်ဘူး။ အစိုးရတစ်ခုတက်ရင်တစ်မျိုး။ ငါတို့ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားရင် ကျွန်မတို့နိုင်ငံကို ထိခိုက်တတ်တယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံကဆိုသည်။

မြစ်ဆုံစီမံကိန်းသည် တပ်မတော်အစိုးရလက်ထက်တွင် သဘောတူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ချိန်တွင် ကန့်ကွက်မှုများကြောင့် ယခင်သမ္မတဦးသိန်းစိန်က သူ၏သက်တမ်းအတွင်း စီမံကိန်းကို ရပ်နားထားရန် ၂၀၁၁ တွင် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles