အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဇွန် ၁၄ နှင့် ယနေ့ (ဇွန် ၁၆) ရက်များက စစ်တပ်သတင်းပေးဟု ယူဆခံထားရသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဝင်းမှာ ယနေ့ (ဇွန် ၁၆) နံနက် ၉ နာရီခန့်က ယာခင်းသို့အသွား လမ်းတွင် ဓားဖြင့် ခုတ်ခံရပြီး သေဆုံးခဲ့သည်။ 

“သူက အရင်တုန်းကတော့ ကြံ့ခိုင်ရေးပါတီဘက်ကဆိုတော့ ဒီချုပ်ကနိုင်တော့ ကုပ်နေရတာပေါ့။ (အာဏာသိမ်းပြီးသွားတော့) သူက အရပ်ထဲ ဆဲတာလို့ ပြောတယ်။ ရပ်ကွက်ကလူတွေကို ခုလှုပ်နိုင်သေးလား၊ လှုပ်နိုင်သေးရင် လှုပ်ကြ၊ ခုထွက်’ လို့ ပြောတော့။ သူ့ကို မကြိုက်ကြဘူး။ (လုပ်ကြံသူက) ကျွန်တော်တို့ရွာကတော့ မဖြစ်နိုင်ဘူး။ ဘယ်ကလာပြီး လုပ်ကြံလည်းမသိဘူး” ဟု ဒေါင့်ကြီးကျေးရွာသားတစ်ဦးက ပြောသည်။

ဦးသန်းဝင်းအသတ်ခံရပြီးနောက် နာရီပိုင်းအတွင်း အင်အား ၅၀ နီးပါးရှိ စစ်သားနှင့် ရဲများ ရောက်ရှိလာပြီး ဒေသခံတချို့ကို စစ်ဆေးမေးမြန်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့် ဇွန် ၁၄ ညပိုင်းကလည်း တန့်ဆည်မြို့နယ်၊ ရွာမုံထောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်လွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

“သူက ၂၀၁၈ လောက်ထိ အုပ်ချုပ်ရေးမှူးလုပ်တာ။ အခုကျတော့ ပျူစောထီးအဖွဲ့ကို ငွေကြေးထောက်ပံ့မှုတွေ လုပ်နေတဲ့သူ။ စစ်တပ်သတင်းပေးတဲ့သူလို့လည်း လူသိများတယ်။ ရွာမှာပဲ ပစ်သတ်ခံရတာ” ဟု ရွာမုံထောင်ကျေးရွာသားတစ်ဦးက ဆိုသည်။

ဇွန် ၂ ကလည်း တန့်ဆည်မြို့တွင် စစ်ကောင်စီခန့် ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်ပြုလုပ်ခဲ့ရာ ဧပြီ ၇ တွင် စစ်တပ်က မြို့တွင်း၌ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ရသည်။ 

ထို့နောက် တန့်ဆည်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နည်းသွားသော်လည်း ကျေးရွာများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ရှိနေခဲ့သည်။ 

ထိုသို့ ဆန့်ကျင်ဆန္ဒပြနေသူများနှင့် ပတ်သက်ပြီး စစ်ကောင်စီထံ သတင်းပေးပို့နေသူများ၊ ဒလန်များအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်း ခပ်စိပ်စိပ်ဖြစ်လာသည်။  

စစ်ကောင်စီက ခန့်အပ်ထားသော ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည့်အတွက် အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်ခြင်းများလည်း ရှိသည်။ 

ယနေ့တွင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သန်လျင်မြို့နယ်မှ လက်ထောက်ပညာရေးမှူးနှင့် မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် စစ်တပ်သတင်းပေးအဖြစ် ယူဆခံရသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button