အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် နယ်ထိန်းတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

မန္တလေးမြို့အရှေ့ဘက် မြို့အဝင် toll ဂိတ်အနီး၊ ယနေ့ (ဇွန် ၃) မွန်းလွဲ နှစ်နာရီခွဲခန့်အချိန်တွင် အုန်းချောနယ်မြေရဲစခန်းမှ နယ်ထိန်းတစ်ဦး ပစ္စတိုဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံများက ပြောသည်။

မန္တလေး – ပြင်ဦးလွင် အတက်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်ပြီး အုန်းချောစခန်းဘက်သို့ သွားနေသည့် နယ်ထိန်းတပ်ကြပ်ကြီး လိန်ဟုန်းကို ဆိုင်ကယ်သုံးစီးဖြင့် လူငယ်လေးယောက်က အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“တိုးဂိတ်အကျော်လေးမှာ လူငယ်လေးယောက်က အနီးကပ်ပစ္စတိုနဲ့ ပစ်ပြီး ဆိုင်ကယ်လဲတဲ့အချိန် ဓားနဲ့ ဝိုင်းထိုးကြတယ်။ အချက်တော်တော်များတယ်။ လုံးဝ မလှုပ်မယှက်ပဲ၊ နေရာမှာတင်သေတယ်။ လူငယ်လေးယောက်က လုပ်ပြီးတော့ ပြန်ပြေးတာမှာ ဆိုင်ကယ်တစ်စီးက နှိုးမရဘူးနဲ့တူတယ်၊ ထားခဲ့တာ တွေ့ရတယ်” ဟု အဆိုပါ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

လူငယ်များ ပြန်ထွက်သွားချိန်တွင် ရဲကားများရောက်ရှိလာပြီး သေဆုံးသူကို ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြမှုများကို စစ်ကောင်စီက အကြမ်းပတမ်းပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုများ တရစပ်ပြုလုပ်ခဲ့ပြီး လူပေါင်း ၈၀၀ ကျော် သေဆုံးပြီးချိန်တွင် လူငယ်များက ခုခံကာကွယ်ရန် ပြောက်ကျားစနစ်ဖြင့် တုံ့ပြန်လာခဲ့သည်။ ထို့နောက် စစ်သား၊ ရဲနှင့် စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရခြင်း၊ ရုံးဌာနအချို့ မီးလောင်ခြင်း၊ ဖောက်ခွဲခံရခြင်းများ ဖြစ်ပေါ်လာနေသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အမှတ် ၃၂ အခြေခံပညာအထက်တန်းကျောင်းတွင် သေနတ်ကိုင်၍ စောင့်ဆိုင်းနေသည့် စစ်ကောင်စီဝင်လက်နက်ကိုင်များကို ဇွန် ၁ ရက်တွင် လူငယ်ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့က ကားဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ဇွန် ၁ ညပိုင်းတွင်လည်း ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လေးမျက်နှာဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ လက်နက်ကိုင်များ ဗုံးပစ်တိုက်ခိုက်ခဲ့ရသည့်အတွက် တစ်ဦး သေဆုံးခဲ့သည်။

နယ်ထိန်းတစ်ဦး သေနတ်ဖြင့်ပစ်ခံရသည့် ကိစ္စအပေါ် စစ်ကောင်စီဘက်ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles