အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက ကုလဆိုင်ရာသံအမတ် ဦးမြင့်သူကို နေရာပြောင်းရွှေ့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူကို ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၃ ရက်စွဲပါ စာတစ်စောင် ပေါက်ကြားလာသည်။

အာဏာသိမ်းစစ်ကောင်စီက ပထမဆုံးအကြိမ် ကုလသမဂ္ဂဆိုင်ရာ အဆင့်မြင့်သံတမန်တစ်ဦးကို နေရာပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သူ ဦးမြင့်သူအနေဖြင့် ၎င်းကိုယ်တိုင် နုတ်ထွက်စာတင်ခဲ့ခြင်း ရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွေးကောက်ခံလွှတ်တော်အမတ်များ စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ဒေါက်တာဆာဆာကို ခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၂၂ တွင် ထုတ်ပြန်ခဲ့သည်။ 

ချင်းတိုင်းရင်းသားဖြစ်သူ ဒေါက်တာဆာဆာသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ချင်းပြည်နယ်အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီ၏ နေရာပြောင်းရွှေ့ခြင်း ခံခဲ့ရသူ ဦးမြင့်သူမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်မထမ်းဆောင်မီက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်လည်းကောင်း၊ အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးမြင့်သူသည် ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ရှိ ကုလသမဂ္ဂအပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ခန့်အပ်ခဲ့သည်။
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button