အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွှတ်တော်အထူးအစည်းအဝေး မခေါ်ယူမှုကို တပ်က မေးခွန်းထုတ်

ဒုတိယအကြိမ်လွှတ်တော်၏ လက်ကျန်သက်တမ်း ရက်အနည်းငယ်အတွင်း အထူးအစည်းအဝေးခေါ်ရန် တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်မှု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းရှိမရှိ ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု တပ်မတော်က ယနေ့ (ဇန်နဝါရီ ၁၄) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ 

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို အဖြေရှာရေး အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူပေးရန် တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့  ဦးဆောင်တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၁၂ တွင် ငြင်းဆန်ခဲ့ရာ တပ်မတော်က ယခုကဲ့သို့ တုံ့ပြန်လာခြင်း ဖြစ်သည်။ 

အထူးအစည်းအဝေးခေါ်ယူရန် ငြင်းပယ်ခဲ့သည့် အကြောင်းပြချက်များအတွက် ပြည်ထောင်စုလွှတ်တော်ရုံး၏ ဥပဒေအနက်အဓိပ္ပာယ်ဖွင့်ဆိုမှုများသည် အခြေခံဥပဒေနှင့် ညီမညီ တပ်မတော်က ပြန်လည်မေးခွန်းထုတ်လာသည်။​ 

တပ်မတော်၊ ပြည်ခိုင်ဖြိုး၊ အခြားပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၂၀၃ ဦး လက်မှတ်ရေးထိုးတောင်းဆိုမှုမှာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံက တောင်းဆိုလျှင် နာယကက အမြန်ဆုံးခေါ် ယူကျင်းပပေးရမည်ဆိုသော အခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့် ကိုက်ညီသည်ဟု တပ်မတော်က ဆိုသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မည်သည့်အကြောင်းပြချက်များဖြင့် တောင်းဆိုရမည်ဟု အသေးစိတ်မပြဋ္ဌာန်းထားသော်လည်း၂၀၀၈ အခြေခံဥပဒေကို ပြုစုခဲ့သည့် အမျိုးသားညီလာခံမှတ်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်က အကြောင်းအရာတစ်ခုခု၊ အခြေအနေတစ်ရပ်ရပ်ပေါ် မူတည်၍ အစည်းအဝေးခေါ်ယူရန် တောင်းဆိုပိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်ဟု တပ်မတော်က ဆိုသည်။​

ကိုဗစ်နိုင်တင်းကာလအခြေအနေကြောင့်ဟူသော ပြည်ထောင်စုလွှတ်တော်၏ အကြောင်းပြချက်ကိုလည်း တပ်မတော်က ငြင်းပယ်ထားသည်။

ကိုဗစ်နိုင်တင်းပျံ့နှံ့နေဆဲကာလ လွှတ်တော်လက်ကျန်သက်တမ်းမကုန်မီ အထူးအစည်းအဝေးမခေါ်ယူနိုင်ဟု ဆိုသော်လည်း တတိယအကြိမ်လွှတ်တော်၏ ပထမဆုံးအစည်းအဝေးများကိုမူ ဖေဖော်ဝါရီ ၁ တွင် စတင်မည်ဆိုသည်မှာ ယင်းအချိန်တွင် ကပ်ရောဂါကင်းစင်လိမ့်မည်ဟု အာမခံချက်ပေးခြင်းလားဟု တပ်မတော်က မေးခွန်းထုတ်သည်။ 

“တတိယအကြိမ်လွှတ်တော် ခေါ်ယူထား၍ သက်တမ်းကျန်နေသေးသည့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပခြင်း မပြုရန် ပိတ်ပင်ထားသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ တားမြစ်ပိတ်ပင်ချက် မရှိသည်ကိုလည်း တွေ့ရသည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ပြည်ထောင်စုလွှတ်တော်ကမူ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်တိုင်ကြားမှုများအတွက် ပြည်သူ့ကိုယ်စားလှယ်များနှင့် စုပေါင်းတိုင်ပင်အဖြေရှာ ဆုံးဖြတ်နိုင်ရန်ဟူသော တပ်နှင့် ပြည်ခိုင်ဖြိုး တောင်းဆိုချက်ပါအချက်မှာ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်သာဖြစ်ပြီး လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရန် မလိုဟု ဆိုသည်။ 

၂၀၂၀ နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် တစ်နိုင်ငံလုံး မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာအနက် လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာ ၉၂၀၊ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာ အနိုင်ရရှိခဲ့ပြီးနောက် မဲစာရင်းကွဲလွဲမှု၊ မဲမသမာမှုများ ရှိသည်ဟု ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့က အဆက်မပြတ် ဝေဖန်ပြောဆိုနေခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ဖေဖော်ဝါရီ ၁ တွင် စတင်မည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီ ၅ တွင် စတင်ကျင်းပကာ အစိုးရအဖွဲ့သစ်အတွက် ရွေးချယ်မှုများ ဆောင်ရွက်မည်ဟု လွှတ်တော်က ထုတ်ပြန်ကြေညာထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles