အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ ကျပ်သိန်းပေါင်း ၆၀၀၀ သိမ်းဆည်းရရှိ

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်မြောက်ပိုင်းရှိ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ (မေ ၂၃) ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံမှ ကျပ်သိန်းပေါင်း ၆၀၀၀ ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ မြို့သိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီအခြေစိုက် တပ်စခန်းများမှ ထိုငွေကြေးအမြောက်အမြားကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောခွင့်ရသူက ယနေ့ညနေပိုင်းတွင် Myanmar Now ကို အတည်ပြုသည်။ ယခုလ ၁၅ ရက်က စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော် သေဆုံးပြီး၊ ၄၀ ခန့် အရှင်ဖမ်းမိသည်၊ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးပြီး၊ ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button