အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သမ္မတအိမ်တော်တွင် ကိုဗစ်ကူးစက်မှုရှိသော်လည်း နိုင်ငံ့အကြီးအကဲများ ကျန်းမာစွာရှိ

နိုင်ငံတော်သမ္မတအိမ်တော်၌ တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးတွင် ကိုဗစ်နိုင်တင်းကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံအပါအဝင် အနီးကပ်ထိတွေ့ခဲ့သူအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သမ္မတရုံးတာဝန်ရှိသူက အတည်ပြု ပြောကြားသည်။ 

“နိုင်ငံတော်သမ္မတကြီးရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေး ကောင်းမွန်ပါတယ်။ စိတ်ပူစရာ မရှိပါ။ လုပ်ငန်းတာဝန်တွေ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

သမ္မတရုံး အရာထမ်းတစ်ဦးတွင် ရောဂါပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညွှန်ကြားရေးမှူးချုပ်အပါအဝင် ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်မှုရှိသည့် ၁၅ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး အားလုံးမှာ Negative (ရောဂါပိုးမရှိ) ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။ 

“Positive(ရေဂါပိုးတွေ့) က လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ဖြစ်ပါတယ်။ အရာရှိကြီးမဟုတ်ပါ။ လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ရသူ မဟုတ်ပါ” ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားပြီး သမ္မတအိမ်တော်ရှိ ဌာနများအားလုံးကို အင်အားတစ်ဝက်ရုံးတက်စနစ်ဖြင့် အစိုးရယန္တရား ပုံမှန်လည်ပတ်လျက်ရှိသည်ဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအရ တစ်ကျော့ပြန် ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်မှု ဆက်လက်မြင့်တက်နေပြီး သေဆုံးသူအရေအတွက်လည်း တိုးလာနေသည်။ 

ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ စတင်တွေ့ရှိသည့် မတ်လ ၂၃ ရက်မှ ဩဂုတ်လကုန်အထိ ငါးလကျော်အတွင်း သေဆုံးသူ ၆ ဦးသာရှိခဲ့သော်လည်း ယခုစက်တင်ဘာ ၁ မှ ၉ အတွင်း ၆ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။ 

ယနေ့ (စက်တင်ဘာ ၉) နံနက်ပိုင်းအထိ ပိုးတွေ့အတည်ပြုလူနာ ၁၈၀၇ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၄၆၀ ဦးနှင့် လက်ရှိ ဆေးကုသမှုခံယူနေသူ ၁၃၃၅ ဦးရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ပိုးတွေ့လူနာများအနက် ၈၀ ရာခိုင်နှုန်းမှာ ပြည်တွင်းကူးစက်မှုဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button