အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုဗစ်နိုင်တင်း (Covid-19) လူနာတွေ့ရှိသည့် မင်္ဂလာဒုံကစက်ရုံ ဆက်လက်လည်ပတ်နေ

ကိုဗစ်နိုင်တင်း(Covid-19) အတည်ပြုလူနာ တွေ့ရှိခဲ့သည့် မင်္ဂလာဒုံစက်မှုဇုန်ရှိ EMC Manufacturing မှာ ယနေ့ (စက်တင်ဘာ ၄) မနက်ပိုင်းတွင် ဆက်လက်လည်ပတ်လျက်ရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။

မင်္ဂလာဒုံစက်မှုဇုန်ရှိ အလုပ်သမား ၆၅၀၀ ကျော်ရှိသည့် EMC Manufacturing အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်သူ မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး (ကိုဗစ်လူနာ-၁၀၁၃)၏ ဆေးစစ်ချက်အဖြေ ထွက်ရှိပြီးနောက် ထိုစက်ရုံကို ပိတ်ထားမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဆက်လက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ 

ကိုဗစ်လူနာ-၁၀၁၃ နှင့် အနီးကပ်နေထိုင်ခဲ့သူ စက်ရုံအလုပ်သမား ၁၇ ဦးကို မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာကန့်သတ် (Quarantine Centre) ထားရှိပြီး စက်ရုံ၏ စီးပွားရေးနှင့် အလုပ်သမားများ၏ စားဝတ်နေရေး ထိခိုက်မှုမရှိစေရန် ဆက်လက်လည်ပတ်ခွင့် ပြုခဲ့သည်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“ဒီနေ့ကျတော့ တိုင်းကို ပြန်တင်ပြတဲ့အခါမှာ စက်ရုံ အလုပ်သမားတစ်ယောက်တွေ့တာနဲ့ စက်ရုံတစ်ခုလုံး ပိတ်ရမယ်ဆိုတဲ့မူ မရှိသေးဘူးပေါ့။ ဒီနေ့ကတော့ ပုံမှန် ပြန်လည်ပတ်နေပါတယ်” ဟု ၎င်းကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သြဂုတ်လ ၁၆ ရက်နေ့ နောက်ပိုင်းက စတင်ပြီး တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း(Covid-19) ကူးဆက်မှု မြင့်တက်လာခဲ့ရာ စက်တင်ဘာလ ၄ ရက် မနက်ပိုင်းအထိ အတည်ပြုလူနာအရေအတွက် ၁၁၃၃ ဦးနှင့်  သေဆုံးသူ ၇ ဦးထိ ရှိလာသည်။ 

ရောဂါ ကူးဆက်ခံရသူ ၃၅၉ ဦးမှာ သက်သာ ပျောက်ကင်းသွားခဲ့ပြီး ၇၆၇ ဦးမှာ ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်သည်။ 

ယနေ့ အချိန်ထိ ကိုဗစ်နိုင်တင်း ဓာတ်ခွဲနမူနာပေါင်း ၁၆၆,၀၀၀ ကျော်ကို စစ်ဆေးထားပြီး စောင့်ကြည့်လူနာ ၇,၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles