အရင်က လုပ်သားလိုအပ်ချက် မြင့်မားခဲ့တဲ့ ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံတချို့မှာ အခုနှစ် စက်တင်ဘာလကုန်ပိုင်းကစပြီး လုပ်သားတွေ အလုပ်လျှော့ခံရတာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထောင်နဲ့ချီပြီး အလုပ်ပြုတ်သွားပါတယ်။
အလုပ်ရှင်အများစုက အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ရပ်နားလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာလုပ်သားဦးရေဟာ ၃ထောင်နီးပါးရှိတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဒါဟာ လက်လှမ်းမီသလောက် အရေအတွက်သာဖြစ်ပြီး နယ်စပ်မြို့တွေအပါအဝင် ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာလုပ်သားဦးရေဟာ ဒီ့ထက်ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
မြတ်ကြီး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



