အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ငါးနှစ်ကျော်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လောက်ဆိုးရွားနေလဲ

စစ်အာဏာသိမ်းမှု ၅နှစ်ကျော်အတွင်း မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် မလုံခြုံမှုအပါအဝင် အခြေခံရပိုင်ခွင့် ချိုးဖောက်ခံရမှုနဲ့ ဖိအားပေးခြိမ်းခြောက်ခံရမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။ 

အထူးသဖြင့် စက်ရုံအလုပ်ရုံတွေမှာ ညလုံးပေါက် အချိန်ပို(OT)တွေ အတင်းအဓမ္မ ခိုင်းစေပြီး အချိန်ပိုကြေးတွေ အပြည့်အဝမပေးတာစတဲ့ ပြဿနာတွေက အလုပ်သမားတွေအတွက် နေ့စဉ်ဘဝ အခက်အခဲလို ဖြစ်နေတာပါ။ 

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ရဲ့ စစ်တပ်ကို အရေးယူမှုတွေဟာ တကယ်တမ်း သက်ရောက်မှု ရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်နေပြီး၊ စစ်အုပ်စုစီစဉ်ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်  ILO ရဲ့ သဘောထားကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အကြံပြုချက်တွေကို လိုက်နာမှုရှိ၊ မရှိ မြန်မာနိုင်ငံထဲ စစ်ဆေးရေးအဖွဲ့ စေလွှတ်နိုင်ရေးအတွက် ILO နဲ့ စစ်တပ်ကြား ညှိနှိုင်းမှုတွေလည်း ရှိနေပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ILO အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း – သဇင်လှိုင်၊ တည်းဖြတ် – မြတ်ကြီး 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button