အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ဖခင်ကို စစ်ကောင်စီ ဖမ်းဆီး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကျော်ကို၏ ဖခင်ဖြစ်သူကို ယမန်နေ့ (စက်တင်ဘာ ၁၀) တွင် စစ်ကောင်စီက နေအိမ်၌ လာရောက်ဖမ်းဆီးသွားသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းတွင် နေထိုင်သော ကိုကျော်ကိုကို၏ ဖခင် အသက် ၆၈ နှစ်အရွယ် ဦးကျော်အေးကို နံနက် ၁၀ နာရီခန့်တွင် ရဲ ၃ ဦးက လာရောက်ဖမ်းသွားပြီးနောက် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ထိ တာမွေမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။ 

ယနေ့တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။ စစ်ကောင်စီက ဖမ်းဆီးရမိသူများကို ထောင်ချရန် ထိုပုဒ်မကို အများဆုံးအသုံးပြုလေ့ရှိသည်။

“နိုင်ငံရေးပုဒ်မဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ဆိုပြီး မိသားစုနဲ့ ပေးမတွေ့ဘူး။ သူသောက်နေကျ ဆေးလေးတစ်ကတ်နှစ်ကတ်လောက်ပဲ ရဲစခန်းမှာ ပေးခွင့်ရခဲ့တယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မကြာသေးခင်က မျက်စိခွဲစိတ်ကုသထားရသူ ဦးကျော်အေးသည် သွေးတိုးရောဂါရှိသည့်အတွက် ပုံမှန်ဆေးသောက်နေရသူ ဖြစ်သည်ဟု သိရသည်။ 

အကြမ်းဖက်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသူဟုဆိုကာ ကိုကျော်ကိုကိုဖခင်၏ နေရပ်လိပ်စာအတိအကျနှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဝါဒဖြန့်ထားရာ မိတ်ဆွေတချို့က တိမ်းရှောင်ရန် သတိပေးမှုများ ရှိခဲ့သော်လည်း ဦးကျော်အေးက တိမ်းရှောင်ခဲ့ခြင်း မရှိပေ။

“ဦးကျော်အေးနဲ့ ကျော်ကိုကိုက လုံးဝအဆက်အသွယ် မရှိဘူးလေ” ဟု အထက်ပါ မိသားစုဝင်က အတည်ပြုသည်။

ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုကျော်ကိုကိုသည် အာဏာသိမ်းစစ်ကောင်စီ၏ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် ၂၀၂၁၊ မတ်လဆန်းပိုင်းကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အဖွဲ့ဝင်ဖြစ်သူ ကိုကျော်ကိုကိုသည် ၂၀၂၁၊ မတ်လ ၃ ရက်က တာမွေမြို့နယ် GSC သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြိုခွင်းစဉ် ရိုက်နှက်ဖမ်းဆီးခံရပြီးမှ ပြန်လည်လွတ်မြောက်ခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုမှစ၍ နိုင်ငံရေးပုဒ်မများဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသူ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကိုကိုသည် ၁၉၈၈ နိုင်ငံရေးမျိုးဆက်နောက်ပိုင်း နိုင်ငံရေးတက်ကြွသူ လူငယ်ထုများအကြား ဩဇာရှိသည့် ထင်ရှားသူတစ်ဦးလည်းဖြစ်သည်။

၂၀၂၁ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်လည်း ပါဝင်လှုပ်ရှားခဲ့သူ ကိုကျော်ကိုကိုကို ရန်ကုန်တွင် စစ်တပ်က ဖမ်းဆီးမိခဲ့သော်လည်း ၎င်းသည် အချုပ်ကားပေါ်မှ ပရိယာယ်ဆင်၍ ထွက်ပြးလွတ်မြောက်သွားကာ ယခုအခါတွင် တောတွင်းတစ်နေရာမှနေ၍ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတွင် ပါဝင်နေသူဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button