အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်တွေ့

နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သားတစ်ဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့(မေ ၄)တွင် သတင်းထုတ်ပြန်သည်။

၎င်းတပ်မတော်သားမှာ ဧပြီ ၃၀ ရက်တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းတို့ ခံစားရသဖြင့် မေ ၁ တွင် ကိုဗစ်နိုင်တင်းရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားသော နယ်မြေခံတပ်မတော်ဆေးရုံရှိ ကုသဆောင်၌ သီးခြားစောင့် ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့စစ်သည်မှာ ရုံးပိုင်းဆိုင်ရာတာဝန်များထမ်းဆောင်သူ အသက် ၃၀ ကျော်အရွယ်ဖြစ်ကြောင်း၊ နေပြည်တော်ရှိ တပ်မတော်ဆေးသုတေသနတပ်ဆေးရုံတွင် ကုသနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းထွန်းညီကပြောသည်။

ရောဂါပိုးကူးစက်ခံရမှုအခြေအနေနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီး ပိုးတွေ့စစ်သည်၏ မိသားစု၊ ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ရုံးရှိလူများကို အသွားအလာကန့်သတ်ထားပြီး လိုအပ်သူများကို ရောဂါပိုးရှိမရှိ စိစစ်ရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

“ကုတာကတော့ တပ်မတော်ဆေးပညာရှင်တွေ အဓိကတာဝန်ယူမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ရော တရုတ်က လာကူနေတဲ့အဖွဲ့နဲ့ရော တိုင်ပင်ဆွေးနွေးတာတွေ လုပ်သွားမှာပါ” ဟု ၎င်းကပြောသည်။

ရောဂါစစ်ဆေးတွေ့ရှိရသည့် စစ်သည်ကို တပ်မတော်မှကြိုတင်စီစဉ်ထားသည့် ကိုဗစ်နိုင်တင်းရောဂါအထူးကုသရန် သတ်မှတ်ထားသည့် ဆေးရုံသို့ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်း ၎င်း၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။

အဆိုပါစစ်သည်မှာ မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံရသည့် ပထမဆုံး တပ်မတော်သားဖြစ်ပြီး ရုရှားနိုင်ငံသို့ ပညာတော်သင် ရောက်ရှိနေသည့် တပ်မတော်သား ၅ ဦးမှာလည်း ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံထားရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၉ က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button