အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ည ၉ နာရီမှ နံနက် ၄ နာရီထိ အပြင်မထွက်ရ အမိန့်ထုတ်

ကိုဗစ်နိုင်တင်း ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် မန္တလေးတိုင်း အတွင်း ည ၉ နာရီမှ နံနက် ၄ နာရီအထိ ‘လုံလောက်သော အကြောင်းပြချက်မရှိဘဲ’ အိမ်အပြင်မထွက်ကြရန် မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

ယမန်နေ့ညက ထုတ်ပြန်သည့် အဆိုပါအမိန့်သည် ယနေ့ (ဧပြီ ၁၇) မှ စတင်အသက်ဝင်ပြီဖြစ်ပြီး မည်သည့်ကာလအထိ ကြာမြင့်မည်ကို မသိရပေ။

နေ့အချိန်များတွင် အပြင်ထွက်ကြရာတွင် တစ်အိမ်ထောင်လျှင် တစ်ဦးသာထွက်ရန်၊ ကုန်စည်စီးဆင်းမှု အတွက် ပြေးဆွဲနေသည့် ယာဉ်လိုင်းများသည် စည်ပင်သာယာရေးနှင့် အထွေထွေအုပ်ချုပ်ရေး၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရန်နှင့် ဈေးများမှ ဈေးသည်၊ ဈေးဝယ်များ နှာခေါင်းစည်းများဝတ်ဆင်ကြရန် တို့လည်း ပါဝင်သည်။

ထပ်မံ၍ အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ယခုအမိန့်မှာ သက်ရောက်နေမည်ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်ကို မလိုက်နာပါက အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခင်က ဈေးကြီးများပိတ်ထားခြင်း၊ အိမ်တွင်နေ၍ အသွားအလာကန့်သတ်ခြင်းများသာ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မှစ၍ အချိန်အကန့်အသတ်ဖြင့် စည်းကမ်းတင်းကျပ်လိုက်ခြင်းဖြစ်သည်။

ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသူ လူနာ ၈၅ အထိ ရှိနေပြီး၊ မန္တလေးမြို့တွင် နှစ်ဦးတွေ့ရှိထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button