အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ဒေသ တိုက်ပွဲနယ်မြေဖြစ်ခြင်းကို NRPC ဝေဖန်

အဖြူရောင်နယ်မြေဖြစ်သည့် ရခိုင်ပြည်နယ်ကို လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချရန် ကြိုးပမ်းခြင်းသည် ဒေသလုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ(NRPC) ဒု ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ ပြောလိုက်သည်။ 

ရက္ခိုင့်တပ်မတော် (AA) အပါအဝင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် တွေ့ဆုံသည့် နေပြည်တော် ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတဲ့တွက် အစိုးဘက်ကလည်း လုံခြုံရေး ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

နှစ်ပေါင်း ၇၀ ကြာပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် ကြိုးပမ်းလျက် ရှိရာ  ရခိုင်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်နေခြင်း၊ လက်နက်ကိုင်ကာ အခွင့်အရေးများ တောင်းဆိုနေခြင်းတို့အစား နိုင်ငံရေးစားပွဲဝိုင်းသို့ လာရောက်ရန် လိုအပ်ကြောင်းလည်း ဒေါက်တာတင်မျိုးဝင်းက တိုက်တွန်းသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆွေးနွေးပွဲသို့  ‘ဝ’ လက်နက်ကိုင်အဖွဲ့ UWSA, ကချင်လက်နက်ကိုင်အဖွဲ့ KIA, ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA, ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSPP/SSA၊ မိုင်းလားတပ်မတော် NDAA, ကရင်နီတိုးတက်ရေးပါတီ KNPP မှ ကိုယ်စားလှယ်များလည်း တက်ရောက်သည်။

နေပြည်တော် တွေ့ဆုံပွဲသို့  တက်ရောက်သည့် AA ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်မှာ ဗိုလ်မှူးကြီးကျော်ဟန် ဖြစ်သည်။ 

မတ်လ ၂၁ရက်နေ့က နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ(NRPC)တွင် ပြုလုပ်နေသော ဆွေးနွေးပွဲ(ဓာတ်ပုံ – ကေဇွန်နွေး / Myanmar Now)

AA နှင့် သူ၏ မဟာမိတ်များထဲမှ  TNLA, MNDAA တို့သည် ဒီဇင်ဘာလက တရုတ်နိုင်ငံ ကူမင်းမြို့တွင်  NRPC နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ တွေ့ဆုံအပြီးတွင် ထိုသုံးဖွဲ့က    နိုင်ငံရေးဆွေးနွေးရေးလိုသည့် ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တပ်မတော်က စစ်တိုင်းဒေသကြီး ၅ ခုတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားမည် ဟု ကြေညာခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနကိုမူ ARSA လက်နက်ကိုင်အဖွဲ့ ရှိနေသည့်အတွက်ဟု ဆိုက ချန်လှပ်ထားခဲ့သည်။ ထိုအပစ်ရပ်ကြေညာချက်နောက်ပိုင်းတွင် ရခိုင်ပြည်နယ် တိုက်ပွဲများ ပိုမို ပြင်းထန်လာသည်။ 

နိုဝင်ဘာမှစ၍ တပ်တော်နှင့် တိုက်ပွဲကြီးပေါင်း အရေအတွက် ၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း AA အဖွဲ့၏ပြောခွင့်ရ ခိုင်သုခက ပြောသည်။

မတ်လ ၁၈ ရက်နေ့တွင်မူ ပစ်ခတ်မှုများသည် ရှေးဟောင်းစေတီပုထိုးများ တည်ရှိရာ ခရီးသွားဒေသ မြောက်ဦးမြို့သို့ပင် ရောက်ရှိလာသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button