အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန်ရဲ့ ကုန်ဆုံးသွားတဲ့ လက်နက်တွေကို ပြန်ဖြည့်ဆည်းဖို့ နည်းလမ်းနှစ်သွယ်နဲ့အပူတပြင်းကြိုးပမ်း

အမေရိကန်ဟာ လက်ရှိဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲမှာ လက်နက်သုံးစွဲခဲ့တာကြောင့် မဟာဗျူဟာမြောက် လက်နက်အမျိုးအစားတွေ  ပြတ်လပ်မှု ပြဿနာကို ကြုံတွေ့ရနေပါတယ်။

အီရန်စစ်ပွဲမှာ အမေရိကန်ဟာ တရုတ်နဲ့ဖြစ်မယ့် စစ်ပွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ တာဝေးပစ် ရေဒါရှောင် ခရုဇ်ဒုံးကျည် (long-range stealth cruise missiles) အစင်းရေ ၁,၁၀၀ ခန့်ကို သုံးပစ်ခဲ့ရတာကြောင့်  လက်ကျန် ကုန်သလောက်နီးပါး ဖြစ်နေပါပြီ။

 ဒါ့အပြင် တိုမာဟော့ခ် (Tomahawk) ခရုဇ်ဒုံးကျည် အစင်းရေ ၁,၀၀၀ ကျော်ကိုလည်း ပစ်ခတ်ခဲ့ရလို့ ဒါဟာ စစ်တပ်က တစ်နှစ်တာ ဝယ်ယူတဲ့ ပမာဏထက် ၁၀ ဆလောက် ပိုများနေပါတယ်။ 

 တစ်စင်းကို ဒေါ်လာ ၄ သန်းကျော်တန်တဲ့ ပက်ထရီယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်အစင်းရေ ၁,၂၀၀ ကျော်နဲ့ Precision Strike နဲ့ ATACMS မြေပြင်အခြေစိုက် ဒုံးကျည်အစင်းရေ ၁,၀၀၀ ကျော်ကိုလည်း အီရန် စစ်ပွဲထဲမှာ သုံးခဲ့ရတဲ့အတွက် အမေရိကန်စစ်တပ်မှာ လက်ကျန်ပမာဏဟာ စိုးရိမ်စရာ ကောင်းလောက်အောင် နည်းသွားပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တွေရဲ့ ခန့်မှန်းချက်တွေနဲ့ လွှတ်တော်အရာရှိတွေက ပြောထားပါတယ်။  

ပင်တဂွန်အတွက် ပိုပြီး အခက်အခဲဖြစ်နေတဲ့ အချက်ကတော့ ရီပတ်ပလစ်ကန်နဲ့ ဒီမိုကရက်  ပါတီနှစ်ခုလုံးက လွှတ်တော်အမတ်တချို့ကလည်း စစ်ပွဲကို အဆုံးသတ်ဖို့ အီရန်နဲ့ ထရမ့်တို့ကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အပေါ် သံသယဝင်နေကြသလို၊   ဒီစစ်ပွဲကို စတင်ခဲ့တဲ့အပေါ်မှာလည်း မကျေမနပ် ဖြစ်နေကြပါတယ်။ 

ဘတ်ဂျက်ကော်မတီက ဒီမိုကရက်ထိပ်တန်းအမတ် ဖြစ်သူ ဝါရှင်တန်ပြည်နယ် အထက်လွှတ်တော်အမတ် ပက်တီ မာရေး  ကတော့ “ထရမ့်  အစိုးရအဖွဲ့ဟာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အကြောင်းပြချက်တွေအပြင် ကုန်ကျစရိတ်ရဲ့ အခြေခံအကျဆုံး အချက်အလက်တွေကိုပါ လပေါင်းများစွာကြာအောင် ထုတ်ဖော် မပြောဘဲ ပျက်ကွက်ခဲ့တဲ့အကြောင်းနဲ့ သမ္မတဖြစ်သူက အမေရိကန်ပြည်သူတွေကို ကျန်းမာရေး၊ အိမ်ရာ ဒါမှမဟုတ် ကလေးသူငယ် စောင့်ရှောက်ရေးတွေအတွက် ငွေမရှိဘူးလို့ ပြောနေပြီး၊ ပြည်သူတွေ သဘောမတူတဲ့ စစ်ပွဲတွေအတွက်ကျတော့ အခွန်ငွေတွေကို အဆုံးမရှိ သုံးချင်နေတာ ဖြစ်တယ်” လို့ ဝေဖန် ပြောဆိုထားပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button