အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ပွဲကြားက ရခိုင်တောင်သူလယ်သမားတွေဘဝ

စစ်ပွဲဒဏ်ကို အလူးအလဲခံစားနေကြရတဲ့ ရခိုင်ပြည်နယ်မှာ  စပါးအထွက်နှုန်းကျဆင်းတာ ၊ စပါးစျေးမကောင်းတာတွေကြောင့် တောင်သူလယ်သမားတွေဟာ အရှုံးပေါ်နေပြီး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

ရခိုင်ပြည်နယ်မှာ ၂၀၂၃ နိုဝင်ဘာ၁၃ရက်နေ့က အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ တကျော့ပြန် တိုက်ပွဲစဖြစ်ခဲ့ပြီး ၂၀၂၅နှစ်ကုန်ပိုင်းမှာတော့ ရခိုင်ပြည်နယ် ၁၇မြို့နယ်ထဲက ၁၄မြို့နယ်ကို AAက သိမ်းပိုက်ပြီး အုပ်ချုပ်ရေး ယန္တရား ထူထောင်ထားနိုင်ပါပြီ။

နှစ်ဖက်တိုက်ပွဲတွေ စတင်ကတည်းက ရခိုင်ပြည်နဲ့ ပြည်မကြား ကုန်းလမ်း၊ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းတွေကို စစ်တပ်က ဖြတ်တောက်ထားတာကြောင့် ကုန်စည်စီးဆင်းမှုလျော့ပြီး ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်သွားပါတယ်။

ဒီလိုအခြေအနေမှာ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာလုံလောက်အောင် မသုံးစွဲနိုင်တာ၊ စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်ပြီး ဝယ်ယူရခက်ခဲတာ စတဲ့အခက်အခဲတွေကို ရခိုင်က လယ်သမားတွေ ရင်ဆိုင်ကြရပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စပါးဈေးကျဆင်းတဲ့အပြင် ဝယ်မယ့်သူတောင်မရှိတဲ့ အခြေအနေတွေအထိ ဖြစ်လာတယ်လို့ မြေပုံမြို့နယ်က လယ်သမားတွေက ပြောပါတယ်။ AA ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြေပုံမြို့နယ်က ဒေသခံတွေဟာ လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်းကို အဓိကအားပြုပြီး အသက်မွေးကြတာပါ။ 

ဒေသတွင်းမှာ “စာပစိ ကောက်ရင်” လို့ခေါ်တဲ့ စပါးတင်းတစ်ရာကို ၄ သိန်းကျပ်စျေးကွက်ပေါက်စျေးရှိပြီး ပေါ်ဆန်းမွှေး တင်းတစ်ရာကိုတော့ ၈သိန်းလောက် ပေါက်ဈေးရှိပါတယ်။ 

ရခိုင်ပြည်ကထွက်တဲ့ ဆန်စပါးတွေကို အရင်က ပြည်မနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို တင်ပို့လို့ရခဲ့ပေမယ့် အခုတော့ အာဏာသိမ်းစစ်တပ်က ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့ထားတာအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ပါ ဆက်ဆံရေးမပြေလည်တာတွေ ရှိလာတာကြောင့် တင်ပို့ရောင်းချမယ့်နေရာမရှိတဲ့အခက်အခဲကို လယ်သမားတွေ ရင်ဆိုင်နေကြရတာပါ။ 

စစ်ပွဲနဲ့ ဒေသတွင်းစီးပွားရေးကျပ်တည်းမှုကြား လယ်သမားတွေဟာ ကိုယ့်မှာရှိတဲ့ ပစ္စည်းဥစ္စာတွေကို ပေါင်နှံရောင်းချ၊ ချေးငှားပြီး ထွန်ယက်စိုက်ပျိုးခဲ့ရတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။ 

သတင်းနှင့်ရိုက်ကူး – ဖဒူထွန်းအောင်၊ တင်ဆက် – မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button