အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးအောင်ဝင်းဇော်ရဲ့အိမ်

ရှေ.နေဦးကိုနီကိုလုပ်ကြံမှုမှာ ပါဝင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ရန်ကုန်၊ သာကေတမြို့နယ်၊ ၁ ရပ်ကွက်၊ ထူပါရုံအရှေ့ ၁၆ လမ်း၊ အိမ်အမှတ် ၁၂၅၉ မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်ကို အခင်းဖြစ်ပွားတဲ့နေ့ကတည်းက သော့ခတ်ပိတ်ထားပါတယ်။

သူဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က သူ့မိသားစုနဲ့ ဒီအိမ်မှာ အခင်းမဖြစ်မီအချိန်ထိ လာရောက်နေထိုင်ကြောင်း သိရပါတယ်။ သူနေထိုင်ရာက လမ်းရာအိမ်မှူးရဲ့ ပြောဆိုချက်အရ ဦးကိုနီသတ်ခံရပြီးကတည်းက ဒီအိမ်ခြံဝင်းရဲ့ သံတံခါးမကြီးကို ပိတ်ထားတာကို တွေ့ရှိကြောင်း၊ နောက်ပြီး ဦးအောင်ဝင်းဇော်ကို လက်ထိတ် ၄၊ ၅ ခုနဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားက ဒီအိမ်ကို မကြာသေးမီရက်ပိုင်းအတွင်းက ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။

Myanmar Now က ရရှိခဲ့တဲ့ ဦးအောင်ဝင်းဇော်ရဲ့ မိသားစုသန်းခေါင်စာရင်း ဓာတ်ပုံမှတ်တမ်းအရ သူ့ဇနီးသည်မှာ အသက် ၄၂ ရှိသူ ဒေါ်မင်းမင်းထိုက်ဖြစ်ပြီး၊ သူ့တစ်ဦးတည်းသောသားမှာ အသက် ၁၉ နှစ် ရှိပြီဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button