ဒုတိယတရားခံအဖြစ် ဖမ်းခံထားရသူ ဦးအောင်ဝင်းဇော်နေထိုင်ခဲ့တဲ့ ရန်ကုန် သာကေတမြို.နယ်၊ အမှတ် ၁ ရပ်ကွက်၊ ထူပါရုံ ၁၆ လမ်းက အိမ်နီးနားချင်းတွေကို Myanmar Now က သတင်းထောက် ကိုအောင်ငြိမ်းချမ်း ယနေ့မနက်က သွားရောက်မေးမြန်းထားပါတယ်။
ဦးကျော်တင့် (ရန်ကုန် သာကေတမြို.နယ်၊ အမှတ် ၁ ရပ်ကွက်၊ ထူပါရုံ ၁၆ လမ်းရာအိမ်မှူး)
“ ဒီအိမ်မှာနေခဲ့တာကတော့ ဦးအောင်ဝင်းဇော်၊ ဇနီး ဒေါ်က ဒေါ်မင်းမင်းထိုက် စစ်မြတ်ဦးဆိုတဲ့ သားတစ်ယောက်ရှိတယ်။ ဒီအိမ်ကိုရောက်လာတာက ၂ နှစ်လောက်ပဲရှိသေးတယ်။ သူတို့က အိမ်ကို ဝင်လိုက်လာလိုက်သွားလိုက်ပဲ ဦးအောင်ဝင်းဇော်ရော သူ့မိသားစုရော ဒီအိမ်မှာသိပ်နေတာမဟုတ်ဘူး ”
———–
ဒေါ်သန်းမြင့် (ရာအိမ်မှူးဦးကျော်တင့် ဇနီး၊ ၁ ရပ်ကွက် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး)
“ ကျွန်မတို့သိရသလောက်ကတော့ သူတို့က လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေတာပဲသိတယ် ပြောင်းလာတာလဲမကြာသေးဘူး သူက အရင်တုန်းကတော့ ဗိုလ်မှူးလို့တော့ပြောခဲ့တယ် ကျွန်မဆေးတိုက်စရာရှိရင် အိမ်တွေကို လိုက်တိုက်တယ် ကျွန်မလိုက်တိုက်တဲ့အချိန်တိုင်းလည်း သူတို့အိမ်မှာမရှိဘူး တံခါးက အမြဲတမ်းပိတ်ထားတယ်။”
—————————
ဦးစိုးမြင့် (အောင်ဝင်းဇော်ရဲ့ ၁ အိမ်ကျော်က အိမ်နီးနားချင်း)
“ သူတို့က အိမ်ကိုညဘက်မှလာတာ နေ့ဘက်ဆိုရင်သိပ်မလာဘူး ကျန်ခဲ့တဲ့လေးငါးခြောက်ရက်လောက်ကတော့ ရဲတွေလာသွားတယ် အင်အားတော်တော်များတယ် ရဲကားတွေလည်း ပါတယ်။ ရက်တော့ ကျွန်တော်အတိအကျမမှတ်မိတော့ဘူး ၃၀ ၃၁ ရက်လောက်ဖြစ်မယ်၊ အောင်ဝင်းဇော်ပါမပါတော့ ကျွန်တော်တို့သေချာမသိဘူး၊ ရဲတွေကတော့ အများကြီးပဲ။ အောင်ဝင်းဇော်တို့အိမ်မှာ သူတို့စီးစီးနေတဲ့ကားတစ်စီးရှိတယ် ပါဂျဲရိုးလား ဆပ်ဖ် လားတော့မသိဘူး အရောင်ကတော့ မီးခိုးရောင်ပဲ ”
——————————–
ရဲမှူးကျော်ဝင်း (သာကေတမြို့နယ်မှူး)
“ဖြစ်စဉ်အကုန်လုံးကို တိုင်းရဲကပဲ ကိုင်ထားတာပါ ကျွန်တော်တို့ဘာမှမသိဘူး အိမ်ကိုလာတော့လည်းကျွန်တော်တို့ကိုတောင်အကြောင်းမကြားပါဘူး သူတို့ဘာသာသူတို့ပဲလုပ်သွားတာ”
——————————–



