အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘာသာခြားများကို သတ်ရန် ခြိမ်းခြောက်လှုံ့ဆော်သူကို ထောင် ၈ ရက် ပြစ်ဒဏ်ချ

ရန်ကုန်- ယမန်နေ့ညက ရန်ကုန်တိုင်း စမ်းချောင်းမြို.နယ်တွင် အစ္စလာမ်ဘာသာဝင်များကိုသတ်ရန် ခြိမ်းခြောက်လှုံ့ဆော်သူကို မူးယစ်ရမ်းကားမှုနဲ့ စမ်းချောင်းမြို.နယ် တရားရုံးမှာ တရားစွဲဆိုပြီး ထောင်ဒဏ် ၈ ရက် အမိန့်ချလိုက်ပါတယ်။

ကျူးလွန်ရာတွင် ပါဝင်သူနှစ်ဦးအနက် ကြည့်မြင်တိုင်ဘူတာတွင် မီးရထားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ အောင်သိန်းထွေး အသက် ၂၇ အား ပြည်သူလူထုက ဖမ်းဆီးပြီး စမ်းချောင်းရဲစခန်းကို အပ်နှံခဲ့ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar Now က စမ်းချောင်းရဲစခန်းကို စက်တင်ဘာ ၁၃ ရက်မနက်မှာ သွားရောက်မေးမြန်းရာမှာ တာဝန်ကျအရာရှိ ဒုရဲအုပ် အောင်လပြည့်က အောင်သိန်းထွေးဟာ လူမျိုးရေးဘာသာရေး လှုံ့ဆော်တာမဟုတ်ဘဲ သူ့ခံစားချက် ပေါက်ကွဲသွားခြင်းသာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

အဆိုပါပြန်လွှတ်ပေးသည့်သတင်းကို Myanmar Now က အင်တာနက်တွင် ဖြန့်ချိပြီး နာရီပိုင်းအတွင်း ဒုရဲအုပ်အောင်လပြည့်က ဖုန်းဖြင့် ပြန်လည်ဆက်သွယ်လာပြီး သူပြောဆိုခဲ့သည်မှာ စခန်းရှိမှတ်တမ်းကိုကြည့်၍ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ပြောဆိုချိန်တွင်လည်း စခန်းရှိအချုပ်ခန်းကို သွားမကြည့်မိဘဲ ပြောဆိုခဲ့ခြင်း၍ အောင်သိန်းထွေးအား ပြန်လွှတ်ပေးခဲ့သည်မှာ မှားယွင်း၍ ပြောဆိုမိခြင်းဖြစ်ကြောင်း သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အော်ဟစ်လှုံ့ဆော်ရာတွင် အောင်သိန်းထွေးနှင့် အတူလိုက်ပါလာသူ စမ်းချောင်းမြို.နယ် လင်းလွန်းတောင် ရပ်ကွက်မှ မွန်လေးဆိုသူမှာမူ အော်ဟစ်မှုများ ကိုယ်တိုင်မပြုလုပ်ခဲ့သဖြင့် အရေးယူခံရခြင်း မရှိကြောင်း သိရှိရသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button