အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

အမေရိကန်က မြန်မာနှင့် လာအို နှစ်နိုင်ငံမှ ထိပ်တန်းအရာရှိအချို့ကို ဗီဇာဆိုင်းငံ့

မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးထားသည့် မိမိနိုင်ငံသားများကို ပြန်လက်ခံရန် ငြင်းဆိုသည့်အတွက် မြန်မာနှင့် လာအို နှစ်နိုင်ငံမှ ပြည်ထဲရေးနှင့် လဝက အဆင့်မြင့်အရာရှိအချို့ကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားရန် သမ္မတထရမ့်အစိုးရက ဆုံးဖြတ်ကြေညာလိုက်သည်။

အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးရန် အမိန့်ချမှတ်ထားသည့် မိမိတို့နိုင်ငံသားများကို ပြန်လည်လက်ခံရန် မြန်မာနှင့်လာအို နှစ်နိုင်ငံတို့၏ အစိုးရများသည် ငြင်းဆိုခြင်းဖြစ်စေ၊ လက်သင့်မခံနိုင်လောက်အောင် ကြန့်ကြာနေခြင်းဖြင့်ဖြစ်စေ တုံ့ပြန်ခြင်းကြောင့် ထိုနှစ်နိုင်ငံမှ အဆင့်မြင့်အရာရှိအချို့ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဘဲ ဆိုင်းငံ့ထားရန် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနအား အမိမြေလုံခြုံရေးဌာနက ဇူလိုင်လ ၁၀ ရက်နေ့ နှောင်းပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

“ဇူလိုင်လ ၉ ရက်နေ့မှစ၍ ရန်ကုန်ရှိ အမေရိကန်သံရုံးသည် မြန်မာဝန်ကြီးဌာနများဖြစ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် အထက်ရှိ လက်ရှိတာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား B1 နှင့် B2 ရွှေ့ပြောင်းအခြေချမဟုတ်သော ဗီဇာများ အားလုံး ထုတ်ပေးခြင်းကို (ခြွင်းချက်တချို့မှလွဲ၍) ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်ပါ”ဟု အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေးရုံးက သတင်းထုတ်ပြန်သည်။

လာအိုနိုင်ငံမှ အရာရှိများအတွက်လည်း အလားတူ ကြေညာချက်ထုတ်ပြန်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါနှစ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်မည်ဆိုပါက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗီဇာကန့်သတ်ချက်တွင် အဆိုပါနိုင်ငံများရှိ အခြားသော လူအုပ်စုများကိုပါ တိုးချဲ့ထည့်သွင်းရလိမ့်မည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံခြားသားများကို အမေရိကန်အစိုးရက မိခင်နိုင်ငံများသို့ ပြန်ပို့မည်ဆိုပါက ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများက ခရီးသွားလာခွင့် အထောက်အထားတစ်ခုခုကို အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနသို့ ပို့ပေးရပြီး လာအိုနှင့်မြန်မာအစိုးရတို့သည် ထိုသို့ ပေးပို့ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုထား သည်။

လက်ရှိ အမေရိကန်တရားရုံးချုပ်၏ အမိန့်အရဆိုလျှင် အမေရိကန်နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံခြားသားများကို ခြောက်လအတွင်း ပြည်နှင်ဒဏ်ပေးရန် မဖြစ်နိုင်ပါက အချုပ်အနှောင်မှ ပြန်လွှတ်ပေးရမည် ဖြစ်သည်။

အလားတူ ဗီဇာကန့်သတ်ခံထားရသည့် နိုင်ငံ ကိုးနိုင်ငံရှိပြီး ၎င်းတို့တွင် ဂီနီ၊ ဆီရာယာလီယွန်၊ အီရီထရီးယားနှင့် ကမ္ဘောဒီးယားတို့လည်း ပါဝင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button