မီးရှို့ဖျက်ဆီးမှု
-
သတင်း
ခင်ဦးမြို့နယ် တမုတ်ရွာကို စစ်တပ်မီးဝင်ရှို့၊ တစ်ရွာလုံးမီးလောင်ပြာကျ
ခင်ဦးမြို့အရှေ့ဘက် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် အနီးရှိကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးဝင်ရှို့သွားခြင်းဖြစ်သည်။
-
သတင်း
တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွားပြီး ရွာထဲမှ အမျိုးသမီး ၂ ဦး သေဆုံး
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ဆယ်ကျော်သက်တစ်ဦး ကျည်ထိသေဆုံးပြီး အဘွားတစ်ဦး မီးရှို့ခံရသည့်အိမ်အတွင်း ပိတ်မိသေဆုံးသွားသည်ဟု သိရသည်။
-
သတင်း
ပုလဲမြို့နယ်တွင် ၂ ရက်အတွင်း အိမ်ခြေ ၃၀၀ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ နှောရိုးကျေးရွာမှ အိမ် ၂၅၀ ကျော်၊ သပြေကုန်းရွာမှ အိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့ဖျက်ဆီးသည်ဟု ဒေသခံတို့က ပြောသည်။
-
ဆောင်းပါး
စစ်ကောင်စီက အင်တာနက်ဖြတ်ပြီး ရွှေဘိုလွင်ပြင်ကို စီးနင်း
လက်နက်ပြည့်စုံသည့် စစ်ကောင်စီတပ်က ရွှေဘိုလွင်ပြင်ကို စစ်ဆင်ရာတွင် အင်တာနက်ဖြတ်ခြင်း၊ လူသားဒိုင်းအသုံးပြုခြင်း၊ ရွာမီးရှို့ခြင်း စသည့် အမှုများ ကျူးလွန်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
-
သတင်း
ထီးချိုင့်တွင် စစ်ကားများအတိုက်ခံရသော နေရာအနီး အိမ်များ မီးရှို့ခံရ
စစ်ကိုင်းတိုင်းအတွင်း ၃ ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၃ ရက်အကြာတွင် အနီးဆုံးရွာမှ အိမ် ၁၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသည်ဟု ထီးချိုင့်ပကဖထံမှ သိရသည်။