ဆောင်းပါး

စစ်ကောင်စီက အင်တာနက်ဖြတ်ပြီး ရွှေဘိုလွင်ပြင်ကို စီးနင်း

ပြည်သူ့ခုခံစစ် အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ ၂၃ မြို့နယ်ကို အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ကောင်စီတပ်များက မြန်မာပြည်အလယ်ပိုင်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို ချိတ်ဆက်ပေးထားသည့် စစ်ကိုင်းတိုင်း ရွှေဘိုလွင်ပြင်၊ ရွှေဘိုခရိုင်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး ၆ ရွာ မီးရှို့ခံရပြီး ဒေသခံ ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်းကို အင်တာနက် စတင်ဖြတ်တောက်သည့် မတ် ၃ ရက် ညပိုင်းမှစ၍ မတ် ၈ အထိ စစ်ကောင်စီ၏ ဝင်ရောက်စီးနင်းမှုခံခဲ့ရသည့် ကျေးရွာများတွင် ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဝက်လက်နှင့် တန့်ဆည်မြို့နယ်များရှိ ကျေးရွာများပါဝင်သည်။ 

ခင်ဦးမြို့နယ်ရှိ မှန်တော၊ ဒါန်းကုန်းနှင့် ကျွန်းလယ်ကျေးရွာတို့တွင် အိမ်ခြေ ၆၂ လုံး၊ ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာတွင် အိမ်ခြေ ၆၀ လုံး၊ သက်ပေးကျေးရွာမှ အိမ်ခြေ ၁၆ လုံး မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင်များနှင့် ဒေသခံများက အတည်ပြုသည်။ 

ထို့ပြင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ခင်ဦးမြို့နယ် မှန်တောကျေးရွာမှ ဒေသခံ ၃ ဦး၊ သိမ်တော်ရွာဘုရားကုန်းတွင် ထိတွေ့တိုက်ပွဲဖြစ်ရာမှ ပ.က.ဖ အဖွဲ့ဝင် ၁၁  ဦးနှင့် ကျွန်းလည်ရွာမှ ဖမ်းခေါ်လာသည့် ဒေသခံ ၃ ဦး၊ ဒီပဲယင်းမြို့နယ် မင်းဆွေနှစ်ကျေးရွာတွင် ပ.က.ဖ အဖွဲ့ဝင် ၈ ဦး စုစုပေါင်း သေဆုံးခဲ့သည်ဟု ဒေသခံ ပ.က.ဖ အဖွဲ့များထံမှ သိရသည်။

စစ်တပ်ဝင်သည့် ခင်ဦး 

မတ် ၃ ည ၁၁ နာရီမှစ၍ အင်တာနက်ဖြတ်တောက်ပြီးနောက် ရေဦးမြို့နယ်ရှိ တပ်မ ၇၇ မှ စစ်သား ၈၀ ကျော်သည် ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ စစ်သား ၁၀၀ ကျော်နှင့် ပူးပေါင်းကာ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနှင့် ရွှေဘို ၄ မြို့နယ် ပေါင်းဆုံရာ အချက်အချာကျသည့် မူးမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့သည်။ 

သိမ်တော်ကျေးရွာသို့ ချီတက်သွားသည် စစ်ကြောင်းနှင့် မတ် ၈ ရက် ညပိုင်းတွင် ရွာအနီးရှိ ဘုရားကုန်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ပ.က.ဖ အဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့သည်။

ပ.က.ဖ အဖွဲ့ဝင်တို့၏ ရုပ်အလောင်းများကို မတ် ၉ ညနေပိုင်းက သိမ်တော်ရွာအနီး တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

မူးသားကျေးရွာသို့ ချီတက်လာသည့် စစ်ကြောင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အကျအဆုံးများသည်ဟု အသက် ၄၀ အရွယ် စနေချောင် ပ.က.ဖ အဖွဲ့ဝင်က ဆက်ပြောသည်။ 

အဆိုပါ စစ်ကြောင်းရောက်ရှိနေသည့် ကျေးရွာများမှာ မူးမြစ်အနီးတွင်ရှိပြီး အရှေ့ဘက်ကမ်းတွင် ခင်ဦးနှင့် ရွှေဘိုမြို့နယ်တို့ရှိပြီး အနောက်ဘက်ကမ်းတွင် ဒီပဲယင်းနှင့် ရေဦးမြို့နယ်များတည်ရှိရာ ဒေသတွင်း အရေးပါသည့်နေရာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့က ၄ မြို့နယ် အစုံဆိုတော့ ဒီနေရာက အချက်အချာကျတယ်ဗျ။ ၄ မြို့နယ်ထဲက ရဲဘော်အချင်းချင်း ဆက်သွယ်မှုတွေက ဒီနေရာက အားကောင်းတယ်။ သွားရေးလာရေးကအစ ကျွန်တော်တို့က အားကောင်းတယ်။ သူတို့နဲ့တွေ့ရင်လည်း ရှောင်ရမယ်ဆိုရင်တောင်မှ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းပြောင်းလိုက်ရုံလေးပဲ” ဟု ၎င်းက ပြောသည်။ 

မတ် ၄ တွင် ရေဦးမြို့နယ်မှ စတင်ထွက်ခွာလာသည့် ထိုစစ်ကြောင်းသည် မူးမြစ်ကမ်းတစ်လျှောက်တွင် လှည့်လည် စစ်ကြောင်းထိုးနေပြီး မတ် ၈ တွင် ဇီးတောကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား၍ ပ.က.ဖ အဖွဲ့ဝင်များ အခက်တွေ့နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

ဒီပဲယင်း ထပ်မံစီးနင်းခံရ 

အင်တာနက်ဖြတ်တောက်ပြီးနောက် မတ် ၄ နံနက်ပိုင်းတွင် မုံရွာ-ဒီပဲယင်းလမ်းမအနီးရှိ မင်းဆွေနှစ်ကျေးရွာကို စိုင်ပြင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး၊ ထိုနေ့ မွန်းလွဲ ၂ နာရီတွင် မူးမြစ်အနီး ရွှေဘို-ဒီပဲယင်းနယ်စပ်ရှိ မူးကမ်းကြီးကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စီးနင်းခဲ့ကြောင်း၊ မတ် ၅ တွင် ဒီပဲယင်းမြို့နယ် ၁ မိုင်အကွာရှိ ဝပါကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒီပဲယင်းဒေသခံ ပ.က.ဖ အဖွဲ့ဝင်များနှင့် ဒေသခံများက အတည်ပြုသည်။ 

မင်းဆွေနှစ်ကျေးရွာတွင် သေဆုံးခဲ့သူ ဒေသခံ ၈ ဦး၏ အမည်များကို Myanmar Now က အတည်ပြုနိုင်သော်လည်း မူးကမ်းကြီးကျေးရွာတွင် သေဆုံးသူ ဒေသခံပြည်သူများ၏ အမည်များကို အတည်မပြုနိုင်သေးပေ။ 

စိုင်ပြင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်တပ်က မုံရွာ-ဒီပဲယင်းကားလမ်းမအနီးရှိ မင်းဆွေနှစ်ကျေးရွာကို မတ် ၄ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းကာ ကျေးရွာလုံခြုံရေးယူနေသူ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အလောင်းကောက်ရာတွင်ပါဝင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“စခန်းငယ်လေးတစ်ခုမှာရှိတဲ့ ရဲဘော်တွေကို လာပြီးတော့ ပစ်ခတ်သွားတယ်ပေါ့။ မိုင်းတွေကို အောက်မှာ ထားပြီးတော့ အလောင်းတင်တယ်။ အလောင်းတင်ပြီးတော့ မိုင်းခွဲတယ်။ မိုင်းခွဲပြီးတော့ မီးရှို့တယ်ပေါ့” ဟု ၎င်းက ပြောသည်။ 

မင်းဆွေနှစ်ကျေးရွာတွင် စစ်တပ်က ဖမ်းပြီး ကြိုးတုပ်၊ ပစ်ခတ်သတ်ဖြတ်ခံရသူ လူငယ် ၈ ဦးမှာ ဒီပဲယင်းအခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂဠုန်တပ်တော်၏ တပ်ရင်း ၂၊ ခရိုင်တပ်ရင်း ၂၀ မှ လူငယ်များဖြစ်ကြောင်း ဂဠုန်တပ်တော်က မတ် ၇ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီဘက်ကမူ ထိခိုက်သေဆုံးမှုသတင်းကို ထုတ်ပြန်လေ့မရှိသည့်ပြင် တိုက်ပွဲသတင်းကို အမှောင်ချထားသည်။

ထိုနေ့တွင်ပင် မူးမြစ်တစ်ဖက်ကမ်းရှိ ရွှေဘိုမြို့နယ်၊ ရေကြည်ဝကျေးရွာမှ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်ရှိ မူးကမ်းကြီးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ ရွာအနီးရှိ တဲအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

မူးကမ်းကြီးရွာကို ဝင်ရောက်စီးနင်းသည့် စစ်ကြောင်းမှာ ရွှေဘိုမြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကြောင်းဖြစ်ပြီး မူးကမ်းကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် မတ် ၆ တွင် ဆုတ်ခွာသွားခဲ့ကြောင်း၊ ဆိပ်ခွန်ကျေးရွာအနီးရှိ ကျေးရွာများတွင် စစ်ကြောင်းထိုး လှည့်လည်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က ဒေသခံလူထု ဆက်လက်မခုခံစေရန် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ၊ ရွာလုံးကျွတ်မီးရှို့ခြင်းများကို လက်နက်သဖွယ် အသုံးချနေပြီး ဒေသခံလူထု၏ စိတ်တွင် နာကြည်းချက်ပိုမိုပြင်းထန်လာပြီး အာဏာသိမ်းမှုကို ခုခံတွန်းလှန်လိုစိတ် ပိုမိုပြင်းထန်လာခဲ့သည်ဟု ဒီပဲယင်းမြို့မှ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အစုလိုက်အပြုံလိုက် ဖမ်းရတဲ့သူတွေလည်း ကြိုးတုပ်ပြီး မီးရှို့လိုက်နဲ့ အဲဒီလိုပါပဲ။ ကျွန်တော်တို့ လူထုကို သူတို့ကို မတော်လှန်ရဲအောင် လုပ်ပြတဲ့ သဘောပါပဲ” ဟု ၎င်းက ပြောသည်။ 

“သူတို့ ယုတ်မာတာ၊ ရက်စက်တာတွေကတော့ ရှိတာပေါ့။ လူထုအနေနဲ့ကျတော့ တော်လှန်ရေးစိတ်ဓာတ် ပိုပြီးတော့ ပြင်းထန်ထက်ကြွလာကြတယ်”  

မူးမြစ်အနောက်ဘက်ကမ်းရှိ မူးကမ်းကြီးကျေးရွာမှာ မူးမြစ်အရှေ့ဘက်ကမ်းရှိ ရေကြည်ဝကျေးရွာကို မူးမြစ်ကူးတံတားဖြင့် ချိတ်ဆက်ထားပြီး ရွှေဘို-ဒီပဲယင်းလမ်းပိုင်းအတွက် အရေးပါသည့် ဒေသဖြစ်သည်။ 

ဒီပဲယင်း၊ ဝဘာရွာ မီးရှို့ခံရ 

ဝဘာကျေးရွာအတွင်း နေအိမ်တချို့ မီးလောင်နေသည် မတ် ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-Local Fighters Squad) 

မတ် ၅ မွန်းလွဲ ၁၂ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နှင့် ၁ မိုင်အကွာရှိ ဝဘာကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်။

ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် ဝဘာကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ငြိမ်းဆိုသူက ထိုစစ်ကြောင်းကို ဦးဆောင် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ဝဘာကျေးရွာတွင် အိမ်ခြေ ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ကြေး သိန်း ၁၅၀၀၀ တန်ဖိုးခန့် ရှုံးဆုံးခဲ့သည်ဟု ဝဘာကျေးရွာခေါင်းဆောင်က ပြောသည်။ 

“ဆုံးရှုံးမှုက အိမ်ခြေပေါင်းက ၆၀ ကျော်၊ တချို့အိမ်ထောင်စုတွေရဲ့ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၅၀၀ နဲ့ ပြန်လည်တည်ဆောက်လို့မရဘူး” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီ ဝင်ရောက်စီးနင်းသွားခြင်းကြောင့် ဝပါကျေးရွာဒေသခံများမှာ မတ် ၉ အထိ ရွာသို့ မပြန်ရဲသေးဘဲ နီးစပ်ရာ ကျေးရွာများတွင် ပုန်းခိုနေကြရကြောင်း၊ ဒီပဲယင်းမြို့ရှိ စစ်တပ်တပ်စခန်းနှင့် လက်နက်ကြီး တစ်ကမ်းစာအကွာအဝေးတွင်ရှိ၍ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။ 

“လက်နက်ကြီးတစ်ကမ်းမှာရှိတယ်။ ရွာရဲ့ တည်နေရာက။ အဓိကကတော့ ပစ္စည်းဆုံးရှုံးမှုထက် လူတွေပါသွားပြီး သတ်ပစ်မှာစိုးတော့ လူတွေက အမိမခံရဲကြဘူး။ မနက်ပိုင်းမှာ ကိုယ့်ပစ္စည်းလေးတွေ လာသိမ်းဆည်းကြပြီး ညနေပိုင်းကျတော့ မနေရဲကြတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်း၊ ဂန့်ဂေါ၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် ရွှေဘိုလွင်ပြင်တွင် ရွှေဘို၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဝက်လက် မြို့နယ်များပါဝင်ပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြားရှိ မြစ်ဝှမ်းလွင်ပြင်တစ်ခုဖြစ်သည်။

ဆွဲမိုင်း၊ တူမီး လက်လုပ်သေနတ်များနှင့် ခုခံမှုကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည့် ရွှေဘိုလွင်ပြင်ရှိ ကျေးရွာများကို စိုးမိုးနိုင်ရန် ၂၀၂၁ ဇွန်က စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ 

ဒီပဲယင်းမြို့နယ်ရှိ ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေရာမှ ဇွန် ၈ တွင် ပစ်ခတ်မှုများစတင်ခဲ့သည်။ 

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီးတိုက်ပွဲတွင် ဒေသခံ PDF အဖွဲ့ဝင်များအပါအဝင် အရပ်သား ၃၀ ထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။

သတ်ဖြတ်မီးရှို့မှု ကျူးလွန်သူများမှာ လက်နက်ကိုင်အန်တုနေသည့် အကြမ်းဖက်သမားများသာဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။

“အကြမ်းဖက်အဖွဲ့အစည်းများ” က ချင်း၊ ကယား၊ စစ်ကိုင်းဒေသများတွင် လှုပ်ရှားနေသဖြင့် ပြည်သူတို့ “အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစွာ၊ စိတ်မချမ်းသာစွာ” နေထိုင်ရသဖြင့် စစ်တပ်က လုံခြုံရေး အချိန်ပြည့်ပေးထားရသည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးက နိုင်ငံတကာသတင်းသမားများကို အွန်လိုင်းမှ ပြောဆိုကြောင်း ဖေဖော်ဝါရီ ၂၄ စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

ထိုစစ်ကြောင်းသည် မတ် ၅ နှင့် ၆ ရက်တို့တွင် မူးမြစ်ကမ်းရှိ အောင်သာ၊ ကုန်းသာကျေးရွာများမှနေ၍ မှန်တောနှင့် ဒါန်းကုန်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက် ၄၀ ခန့်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့သည်။

မှန်တောကျေးရွာတွင် မီးရှို့ခံထားရသည့်နေအိမ်များနှင့် သတ်ဖြတ်ခံရသည့် ရွာသားတစ်ဦး။ (ဓာတ်ပုံ-CJ)

“သူတို့က ဝင်မယ်ဆိုကတည်းက လက်နက်ကြီးတွေနဲ့ ထုပြီးတော့ လူရှင်းလိုက်တာပေါ့ဗျာ။ မိတဲ့သူတော့ ပစ်သတ်တာပေါ့။ လက်နက်ငယ်တွေနဲ့ ပစ်တဲ့အခါမှာလည်း မှန်မှာပေါ့။ ဒဏ်ရာရတဲ့သူတွေရဲ့ စာရင်းကတော့ ပြောလို့မရဘူး။ (သူတို့က) လုံခြုံတဲ့နေရာမှာ ရှိနေကြတာ” ဟု ခင်ဦးမြို့နယ် ပ.က.ဖ ခေါင်းဆောင်က ပြောသည်။  

“အင်တာနက်ဖြတ်ထားတဲ့ ဒီအတောအတွင်းမှာ ၅ ရက်နေ့၊ ၆ ရက်နေ့ နှစ်ရက်ပေါင်းပြီးတော့ ဒဏ်ရာရတဲ့ ပြည်သူက ၂ ဦး။ မီးရှို့ဖျက်ဆီးခံရတာက ဒါန်းကုန်းကျေးရွာမှာက ၃၅ အိမ်။ မှန်တောကျေးရွာက ၂၅ အိမ်၊ ကျွန်းလည်ကျေးရွာက ၂ အိမ်” ဟု ၎င်းက ပြောသည်။ 

ကျေးရွာ ၃ ရွာရှိ နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

အသက် ၂၉ နှစ်အရွယ် ကိုမျိုးကျော်၊ အသက် ၂၅ နှစ်အရွယ် ကိုသန်းငွေ၊ အသက် ၂၆ နှစ်အရွယ် ကိုမျိုးတင့်တို့ကို ဖမ်းမိခဲ့ပြီးနောက် စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့သည်ဟု မှန်တောကျေးရွာသားတစ်ဦးကလည်း ပြောသည်။ 

ကိုသန်းငွေမှာ ထွက်ပြေးရန် ကြိုးပမ်းသော်လည်း ဖမ်းမိသွားပြီး ဓာတ်တိုင်တွင် ကြိုးဖြင့်တုပ်၍ သတ်ဖြတ်ခဲ့ကြောင်း၊ ကိုမျိုးတင့်ကိုမူ ဖမ်းမိပြီးနောက် လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အသက် ၄၀ အရွယ် ထိုရွာသားက ဆိုသည်။

“သေနတ်နဲ့ ပစ်သတ်တာမဟုတ်ဘူး။ ရက်ရက်စက်စက် စစ်ဖိနပ်နဲ့ ကန်ပြီး (သေနတ်) ဒင်တွေဘာတွေနဲ့ ဆောင့်ပြီး သတ်သွားတာ။ နှိပ်စက်ပြီးတော့ PDF ဝတ်စုံတွေဘာတွေ ဝတ်ပေးပြီးတော့ PDF အယောင်ဆောင်ပြီးတော့ ပစ်သတ်ထားခဲ့တာ”

ကိုမျိုးကျော်မှာ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးနှိပ်စက်ခြင်းခံရကာ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီး နောက်တစ်နေ့ (မတ် ၆) နံနက်တွင် မှန်တောရွာသားများက ရှာဖွေတွေ့ရှိခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း အထက်ပါရွာသားက ဆက်ပြောသည်။ 

“(အသက်) မီပေမဲ့ သူ ဘာမှမပြောနိုင်တော့ဘူး။ ကျွန်တော်တို့လက်ပေါ်မှာပဲ ဆုံးသွားတယ် ဘာမှ မပြောနိုင်တော့ဘူး။ ရက်ရက်စက်စက်ကို နှိပ်စက်ထားတာ။ တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ” 

မူးမြစ်ကမ်းပေါ်က တိုက်ပွဲ

မီးရှို့ဖျက်ဆီးခံရသည့် မှန်တော၊ ဒါန်းကုန်းနှင့် ကျွန်းလည်ကျေးရွာများမှာ ရွှေဘို-ရေဦးလမ်းမအနီး မူးမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။

ဒေသခံများကို သတ်ဖြတ်ခဲ့ပြီး ထိုကျေးရွာများကို မီးရှို့ဖျက်ဆီးသွားသည့် ထိုစစ်ကြောင်းသည် မတ် ၆ ညတွင် သာဂရ- မြို့သစ် ကျေးရွာတွင် စခန်းချခဲ့ပြီး မတ် ၇ တွင် ညောင်ပင်ကြီးစုကျေးရွာသို့ စစ်ကြောင်းထိုး ချီတက်လာသည်။

ညောင်ပင်ကြီးစုရွာသို့ ချီတက်လာသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်လုပ်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က အဆက်မပြတ် ပြန်လည်ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ရကြောင်း ခင်ဦးမြို့နယ်၊ စနေချောင်ဒေသ ပ.က.ဖ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“လူ ၂၀ ကျွန်တော်တို့ သတ်ကွင်းထဲကို ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ မိုင်းခွဲလိုက်တယ်။ မိုင်းခွဲတော့ သူတို့က ၄၀ မမ တွေနဲ့ ပစ်တယ်။ သူတို့နဲ့ ကျွန်တော်တို့က ပေ ၁၀၀ ပိုပိုလောက်ပဲဝေးတယ်။ သူတို့က မနားတမ်း ၄၀ မမ တွေနဲ့ရော၊ မောင်းပြန်တွေနဲ့ရော ပစ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲဘော်တွေ တောင်ဘက်က ရွာကို ထွက်ပြေးခဲ့ရတယ်” ဟု ဆိုသည်။ 

ဒေသခံ ပ.က.ဖ များ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ကြီးစုရွာတွင် မတ် ၇ ည၌ စခန်းချ အိပ်စက်ခဲ့ပြီး တောင်ဘက်ရှိ မူးသာကျေးရွာသို့ စစ်ကြောင်းတစ်ကြောင်း၊ မြောက်ဘက်ရှိ သိမ်တော်ကျေးရွာသို့ စစ်ကြောင်းတစ်ကြောင်း ခွဲကာ ဆက်လက် ချီတက်သွားခဲ့သည်။ 

သိမ်တော်ကျေးရွာသို့ ချီတက်သွားသည် စစ်ကြောင်းနှင့် မတ် ၈ ရက် ညပိုင်းတွင် ရွာအနီးရှိ ဘုရားကုန်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ပ.က.ဖ အဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့သည်။

ပ.က.ဖ အဖွဲ့ဝင်တို့၏ ရုပ်အလောင်းများကို မတ် ၉ ညနေပိုင်းက သိမ်တော်ရွာအနီး တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

မူးသားကျေးရွာသို့ ချီတက်လာသည့် စစ်ကြောင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အကျအဆုံးများသည်ဟု အသက် ၄၀ အရွယ် စနေချောင် ပ.က.ဖ အဖွဲ့ဝင်က ဆက်ပြောသည်။ 

အဆိုပါ စစ်ကြောင်းရောက်ရှိနေသည့် ကျေးရွာများမှာ မူးမြစ်အနီးတွင်ရှိပြီး အရှေ့ဘက်ကမ်းတွင် ခင်ဦးနှင့် ရွှေဘိုမြို့နယ်တို့ရှိပြီး အနောက်ဘက်ကမ်းတွင် ဒီပဲယင်းနှင့် ရေဦးမြို့နယ်များတည်ရှိရာ ဒေသတွင်း အရေးပါသည့်နေရာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့က ၄ မြို့နယ် အစုံဆိုတော့ ဒီနေရာက အချက်အချာကျတယ်ဗျ။ ၄ မြို့နယ်ထဲက ရဲဘော်အချင်းချင်း ဆက်သွယ်မှုတွေက ဒီနေရာက အားကောင်းတယ်။ သွားရေးလာရေးကအစ ကျွန်တော်တို့က အားကောင်းတယ်။ သူတို့နဲ့တွေ့ရင်လည်း ရှောင်ရမယ်ဆိုရင်တောင်မှ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းပြောင်းလိုက်ရုံလေးပဲ” ဟု ၎င်းက ပြောသည်။ 

မတ် ၄ တွင် ရေဦးမြို့နယ်မှ စတင်ထွက်ခွာလာသည့် ထိုစစ်ကြောင်းသည် မူးမြစ်ကမ်းတစ်လျှောက်တွင် လှည့်လည် စစ်ကြောင်းထိုးနေပြီး မတ် ၈ တွင် ဇီးတောကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ပြည်သူ ၆၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား၍ ပ.က.ဖ အဖွဲ့ဝင်များ အခက်တွေ့နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

ဒီပဲယင်း ထပ်မံစီးနင်းခံရ 

အင်တာနက်ဖြတ်တောက်ပြီးနောက် မတ် ၄ နံနက်ပိုင်းတွင် မုံရွာ-ဒီပဲယင်းလမ်းမအနီးရှိ မင်းဆွေနှစ်ကျေးရွာကို စိုင်ပြင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး၊ ထိုနေ့ မွန်းလွဲ ၂ နာရီတွင် မူးမြစ်အနီး ရွှေဘို-ဒီပဲယင်းနယ်စပ်ရှိ မူးကမ်းကြီးကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စီးနင်းခဲ့ကြောင်း၊ မတ် ၅ တွင် ဒီပဲယင်းမြို့နယ် ၁ မိုင်အကွာရှိ ဝပါကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒီပဲယင်းဒေသခံ ပ.က.ဖ အဖွဲ့ဝင်များနှင့် ဒေသခံများက အတည်ပြုသည်။ 

မင်းဆွေနှစ်ကျေးရွာတွင် သေဆုံးခဲ့သူ ဒေသခံ ၈ ဦး၏ အမည်များကို Myanmar Now က အတည်ပြုနိုင်သော်လည်း မူးကမ်းကြီးကျေးရွာတွင် သေဆုံးသူ ဒေသခံပြည်သူများ၏ အမည်များကို အတည်မပြုနိုင်သေးပေ။ 

စိုင်ပြင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်တပ်က မုံရွာ-ဒီပဲယင်းကားလမ်းမအနီးရှိ မင်းဆွေနှစ်ကျေးရွာကို မတ် ၄ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းကာ ကျေးရွာလုံခြုံရေးယူနေသူ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အလောင်းကောက်ရာတွင်ပါဝင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“စခန်းငယ်လေးတစ်ခုမှာရှိတဲ့ ရဲဘော်တွေကို လာပြီးတော့ ပစ်ခတ်သွားတယ်ပေါ့။ မိုင်းတွေကို အောက်မှာ ထားပြီးတော့ အလောင်းတင်တယ်။ အလောင်းတင်ပြီးတော့ မိုင်းခွဲတယ်။ မိုင်းခွဲပြီးတော့ မီးရှို့တယ်ပေါ့” ဟု ၎င်းက ပြောသည်။ 

မင်းဆွေနှစ်ကျေးရွာတွင် စစ်တပ်က ဖမ်းပြီး ကြိုးတုပ်၊ ပစ်ခတ်သတ်ဖြတ်ခံရသူ လူငယ် ၈ ဦးမှာ ဒီပဲယင်းအခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂဠုန်တပ်တော်၏ တပ်ရင်း ၂၊ ခရိုင်တပ်ရင်း ၂၀ မှ လူငယ်များဖြစ်ကြောင်း ဂဠုန်တပ်တော်က မတ် ၇ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီဘက်ကမူ ထိခိုက်သေဆုံးမှုသတင်းကို ထုတ်ပြန်လေ့မရှိသည့်ပြင် တိုက်ပွဲသတင်းကို အမှောင်ချထားသည်။

ထိုနေ့တွင်ပင် မူးမြစ်တစ်ဖက်ကမ်းရှိ ရွှေဘိုမြို့နယ်၊ ရေကြည်ဝကျေးရွာမှ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်ရှိ မူးကမ်းကြီးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ ရွာအနီးရှိ တဲအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

မူးကမ်းကြီးရွာကို ဝင်ရောက်စီးနင်းသည့် စစ်ကြောင်းမှာ ရွှေဘိုမြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကြောင်းဖြစ်ပြီး မူးကမ်းကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် မတ် ၆ တွင် ဆုတ်ခွာသွားခဲ့ကြောင်း၊ ဆိပ်ခွန်ကျေးရွာအနီးရှိ ကျေးရွာများတွင် စစ်ကြောင်းထိုး လှည့်လည်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က ဒေသခံလူထု ဆက်လက်မခုခံစေရန် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ၊ ရွာလုံးကျွတ်မီးရှို့ခြင်းများကို လက်နက်သဖွယ် အသုံးချနေပြီး ဒေသခံလူထု၏ စိတ်တွင် နာကြည်းချက်ပိုမိုပြင်းထန်လာပြီး အာဏာသိမ်းမှုကို ခုခံတွန်းလှန်လိုစိတ် ပိုမိုပြင်းထန်လာခဲ့သည်ဟု ဒီပဲယင်းမြို့မှ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အစုလိုက်အပြုံလိုက် ဖမ်းရတဲ့သူတွေလည်း ကြိုးတုပ်ပြီး မီးရှို့လိုက်နဲ့ အဲဒီလိုပါပဲ။ ကျွန်တော်တို့ လူထုကို သူတို့ကို မတော်လှန်ရဲအောင် လုပ်ပြတဲ့ သဘောပါပဲ” ဟု ၎င်းက ပြောသည်။ 

“သူတို့ ယုတ်မာတာ၊ ရက်စက်တာတွေကတော့ ရှိတာပေါ့။ လူထုအနေနဲ့ကျတော့ တော်လှန်ရေးစိတ်ဓာတ် ပိုပြီးတော့ ပြင်းထန်ထက်ကြွလာကြတယ်”  

မူးမြစ်အနောက်ဘက်ကမ်းရှိ မူးကမ်းကြီးကျေးရွာမှာ မူးမြစ်အရှေ့ဘက်ကမ်းရှိ ရေကြည်ဝကျေးရွာကို မူးမြစ်ကူးတံတားဖြင့် ချိတ်ဆက်ထားပြီး ရွှေဘို-ဒီပဲယင်းလမ်းပိုင်းအတွက် အရေးပါသည့် ဒေသဖြစ်သည်။ 

ဒီပဲယင်း၊ ဝဘာရွာ မီးရှို့ခံရ 

ဝဘာကျေးရွာအတွင်း နေအိမ်တချို့ မီးလောင်နေသည် မတ် ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-Local Fighters Squad) 

မတ် ၅ မွန်းလွဲ ၁၂ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နှင့် ၁ မိုင်အကွာရှိ ဝဘာကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်။

ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် ဝဘာကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ငြိမ်းဆိုသူက ထိုစစ်ကြောင်းကို ဦးဆောင် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ဝဘာကျေးရွာတွင် အိမ်ခြေ ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ကြေး သိန်း ၁၅၀၀၀ တန်ဖိုးခန့် ရှုံးဆုံးခဲ့သည်ဟု ဝဘာကျေးရွာခေါင်းဆောင်က ပြောသည်။ 

“ဆုံးရှုံးမှုက အိမ်ခြေပေါင်းက ၆၀ ကျော်၊ တချို့အိမ်ထောင်စုတွေရဲ့ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၅၀၀ နဲ့ ပြန်လည်တည်ဆောက်လို့မရဘူး” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီ ဝင်ရောက်စီးနင်းသွားခြင်းကြောင့် ဝပါကျေးရွာဒေသခံများမှာ မတ် ၉ အထိ ရွာသို့ မပြန်ရဲသေးဘဲ နီးစပ်ရာ ကျေးရွာများတွင် ပုန်းခိုနေကြရကြောင်း၊ ဒီပဲယင်းမြို့ရှိ စစ်တပ်တပ်စခန်းနှင့် လက်နက်ကြီး တစ်ကမ်းစာအကွာအဝေးတွင်ရှိ၍ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။ 

“လက်နက်ကြီးတစ်ကမ်းမှာရှိတယ်။ ရွာရဲ့ တည်နေရာက။ အဓိကကတော့ ပစ္စည်းဆုံးရှုံးမှုထက် လူတွေပါသွားပြီး သတ်ပစ်မှာစိုးတော့ လူတွေက အမိမခံရဲကြဘူး။ မနက်ပိုင်းမှာ ကိုယ့်ပစ္စည်းလေးတွေ လာသိမ်းဆည်းကြပြီး ညနေပိုင်းကျတော့ မနေရဲကြတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်း၊ ဂန့်ဂေါ၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် ရွှေဘိုလွင်ပြင်တွင် ရွှေဘို၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဝက်လက် မြို့နယ်များပါဝင်ပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြားရှိ မြစ်ဝှမ်းလွင်ပြင်တစ်ခုဖြစ်သည်။

ဆွဲမိုင်း၊ တူမီး လက်လုပ်သေနတ်များနှင့် ခုခံမှုကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည့် ရွှေဘိုလွင်ပြင်ရှိ ကျေးရွာများကို စိုးမိုးနိုင်ရန် ၂၀၂၁ ဇွန်က စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ 

ဒီပဲယင်းမြို့နယ်ရှိ ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေရာမှ ဇွန် ၈ တွင် ပစ်ခတ်မှုများစတင်ခဲ့သည်။ 

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီးတိုက်ပွဲတွင် ဒေသခံ PDF အဖွဲ့ဝင်များအပါအဝင် အရပ်သား ၃၀ ထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။

သတ်ဖြတ်မီးရှို့မှု ကျူးလွန်သူများမှာ လက်နက်ကိုင်အန်တုနေသည့် အကြမ်းဖက်သမားများသာဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။

“အကြမ်းဖက်အဖွဲ့အစည်းများ” က ချင်း၊ ကယား၊ စစ်ကိုင်းဒေသများတွင် လှုပ်ရှားနေသဖြင့် ပြည်သူတို့ “အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစွာ၊ စိတ်မချမ်းသာစွာ” နေထိုင်ရသဖြင့် စစ်တပ်က လုံခြုံရေး အချိန်ပြည့်ပေးထားရသည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးက နိုင်ငံတကာသတင်းသမားများကို အွန်လိုင်းမှ ပြောဆိုကြောင်း ဖေဖော်ဝါရီ ၂၄ စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button