မီးရှို့ဖျက်ဆီးမှု
-
သတင်း
စစ်တပ်ဝင်သော ချောင်းဦးတွင် လူ ၄ ဦး သတ်ခံရပြီး အိမ် ၂၀၀ ကျော် မီးရှို့ခံရ
စစ်ကိုင်းတိုင်း ကျေးလက်ဒေသတွင် စစ်ကောင်စီတပ်ပြန်သွားပြီးနောက် မီးသင့်ရုပ်အလောင်း ၃ လောင်း၊ နားထင် ကျည်သင့်သေဆုံးနေသူ၏ ရုပ်အလောင်း၊ နေအိမ်ရာနှင့်ချီ မီးရှို့ခံထားရမှုတို့ကို တွေ့ရသည်။
-
သတင်း
ရခိုင်မြောက်ပိုင်း ရွာအချို့ ဗုံးကြဲခံရ၊ မြေပြင်စစ်ကြောင်းကလည်း မီးရှို့
“ပထမတစ်ကြိမ် စစ်ကြောင်းရောက်လာပြီးတော့ ရွာသားတွေကို ဒီရွာကို အနီရောင်အဆင့် သတ်မှတ်ထားတယ်ဆိုပြီးတော့ ပြောခဲ့တယ်။ အခုတော့ မလုပ်သေးဘူး။ လုပ်မဲ့အဖွဲ့လာလိမ့်မယ်ဆိုပြီးတော့ ပြောခဲ့တာ ရှိတယ်။ အခု ရွာကို မီးရှို့နေပြီလေ” ဟု ဖားဝပ်ချောင်းရွာသားတစ်ဦးက ပြောသည်။
-
သတင်း
ထီးလင်းတွင် တိုက်ခိုက်ခံရသည့် စစ်တပ်က ရွာမီးရှို့ကာ ဒေသခံတစ်ဦးကို ဖမ်းဆီး
ချုံခိုတိုက်ခိုက်ခြင်း၊ တိုက်မိုင်းများ ထောင်ထားခြင်းတို့ကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်က အနီးရှိ ရွာကို မီးဝင်ရှို့ပြီး အသက် ၅၀ ဝန်းကျင် အရပ်သားတစ်ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။
-
သတင်း
စစ်ကိုင်းတိုင်းမြို့တော်တွင် စစ်တပ်က ကျေးလက်ဒေသခံ ၂ ဦးကို သတ်ဖြတ်
ဖမ်းမိသည့် PDF ရဲဘော်နှင့် ရွာထိပ်မှ ဖြတ်သွားသော အရပ်သားကို လမ်းပေါ်တွင် ပစ်သတ်သည့် စစ်သားတို့က ရွာရှိပစ္စည်းများကို စိတ်ကြိုက်ခိုးယူကာ အိမ် ၈ လုံး မီးရှို့ကြသည်ဟု PDF က ပြောသည်။
-
သတင်း
အင်းတော်တွင် စစ်တပ်က ရွာမီးရှို့ကာ လူငယ်တစ်ဦးကို ပစ်သတ်
KIA, ABSDF, PDF တို့ကြောင့် အထိနာသွားသည့် တပ်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ကျေးလက်ပြည်သူများကို ပစ်ခတ် ဖမ်းဆီးကာ အိမ်မီးရှို့နေသည်ဟု သိရသည်။