လုပ်ကြံသတ်ဖြတ်မှု
-
သတင်း
လှိုင်သာယာတွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ
ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး စစ်ကောင်စီလက်ထက်တွင် ရာအိမ်မှူးဖြစ်လာသူ ဦးမောင်ထွန်းသည် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရသော်လည်း ထိမှန်ခြင်းမရှိဟု သိရသည်
-
သတင်း
မြင်းခြံတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
ယာဉ်ထိန်းရဲအသတ်ခံရခြင်းမှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ငွေညှစ်ခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ယူဆနေကြသည်
-
သတင်း
လှိုင်သာယာ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ
အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ အုပ်ချုပ်ရေးမှူး ဦးလှဦးမှာ နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ကာ လှိုင်သာယာမြို့နယ်အတွင်း လူထုဆန္ဒပြပွဲများကို ဖြိုခွင်းရာတွင် ဦးဆောင်ကူညီပေးခဲ့သူတစ်ဦးဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်
-
သတင်း
ဘုရားသုံးဆူတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ
သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးမောင်ကျော်ဆိုသူဖြစ်ပြီး ၎င်းသည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် နီးစပ်သူတစ်ဦးဖြစ်ကာ ဆန္ဒပြပွဲများဖြိုခွင်းရာတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်
-
သတင်း
တန့်ဆည်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဦး အသတ်ခံရ
အသတ်ခံရသူ နှစ်ဦးလုံးသည် ပထမအကြိမ်အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူများဖြစ်ပြီး လက်ရှိတွင် စစ်တပ်သတင်းပေးဟု ရပ်ရွာက စွပ်စွဲထားကြသည်