KNU
-
သတင်း
မြဝတီမြို့အနီး တိုက်ပွဲများ ဆက်ရှိနေ၊ စစ်ကောင်စီက လေတပ်ကို အားပြု
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်စခန်းကို ကရင်လက်နက်ကိုင်တပ် KNLA နှင့် မဟာမိတ်တို့က ယမန်နေ့ည (ဧပြီ ၂၅) ၁၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူသုံးကာ ပြန်လည်ခုခံခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။…
-
သတင်း
အရပ်သားတချို့ သေဆုံးပြီးနောက် မြဝတီတွင် ပစ်ခတ်မှု ပြန်လည်ရပ်စဲ
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအချက်အချာမြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီတွင် တိုက်ပွဲ ၂ ရက်ကြာ အပြင်းအထန်ဖြစ်ခဲ့ပြီးနောက် ယနေ့ (ဧပြီ ၂၂) တွင် အပစ်အခတ် ပြန်လည် ရပ်စဲသွားပြီဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက တပ်ပြန်ဆုတ်လိုက်သဖြင့် တိုက်ပွဲရပ်သွားခြင်းဖြစ်သည်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး…
-
သတင်း
မြန်မာ-ထိုင်း နယ်စပ်ဂိတ် ထီးခီးအနီးမှ စစ်ကောင်စီတပ်ရင်း KNU ထံ လက်နက်ချ
နိုင်ငံတောင်ပိုင်း တနင်္သာတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ ထီးခီးအနီးမှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းအမှတ် ၁၀၃ ( ခလရ – ၁၀၃) သည် ကရင်လက်နက်ကိုင်တပ် (KNU) ထံတွင် ဧပြီ ၁၅ ရက်က လက်နက်ချ…
-
သတင်း
မြဝတီသို့ ဦးတည်သည့် စစ်တပ်စစ်ကြောင်း ဒေါနတောင်ပေါ်တက်ကာ မြဝတီရှိ တပ်နှင့်ပေါင်းရန် ကြိုးပမ်း
မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီကို ပြန်လည်သိမ်းပိုက်ရန် တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ကော့နွဲ့ရွာဝန်းကျင်တွင် စခန်းချထားပြီး ဒေါနတောင်ပေါ်တက်ရန် ကြိုးပမ်းနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ ထံမှ သိရသည်။ ထိုစစ်ကြောင်းသည် ကော့ကရိတ်မြို့၊…
-
သတင်း
မြဝတီမှစခန်းများကို သိမ်းပိုက်ပြီးနောက် KNU ထိန်းချုပ်နယ်မြေကျယ်ပြန့်လာ
မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးအပါဆုံးမြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ စစ်စခန်းများကို ယခုလ (ဧပြီ) လဆန်းတွင် သိမ်းပိုက်နိုင်ပြီးနောက် ကရင်အမျိုးသားအစည်းရုံး (KNU) ၏ စိုးမိုးထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာနေသည်။ စစ်အာဏာသိမ်းမှုကို အတိအလင်းဆန့်ကျင်သည့် သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော KNU က…



