ရွေးကောက်ပွဲ
-
ရွေးကောက်ပွဲအလွန် ကချင်နိုင်ငံရေးအပြောင်းအလဲ
၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲသည် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် ခက်ခက်ခဲခဲရုန်းကန်ရမည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒေသခံကချင်ခေါင်းဆောင်များကမူ ဒီမိုကရေစီပါတီများ ပိုမိုအားကောင်း၍ စစ်အာဏာရှင်အရိပ် ချုပ်ငြိမ်းသွားရန် လိုလားနေကြသည်
-
မန္တလေးနှင့် လှည်းကူးတွင် အမျိုးသားရေးစတစ်ကာကမ်ပိန်း တစ်ပြိုင်နက်ပြုလုပ်
'အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူကို မဲပေးကြမည်' ဆိုသော လက်ကမ်းစာစောင်များနှင့် စတစ်ကာများကို လိုက်လံဝေငှခဲ့သူများမှာ 'အမျိုးဘာသာသာသနာ စောင့်ရှောက်ပါ' စာတမ်းပါ တီရှပ်များလည်း ဝတ်ဆင်ထားကြသည်
-
နတ်မောက်နှင့် ရေစကြိုတွင် မဲလက်မှတ်များ မြို့နယ်မှားယွင်းပါလာသဖြင့် မဲပြန်ပေး
မကွေးတိုင်း နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်မဲရုံ၊ ရေစကြိုမြို့နယ် ဝါယောနှင့် ဂွေးဂုဏ်ကျေးရွာ မဲရုံသုံးခုတွင် မြို့နယ်မှားယွင်းနေသည့် မဲလက်မှတ်များ ပါလာခြင်းဖြစ်ပြီး ပေးပြီးသားကြိုတင်မဲများကို ပယ်မဲအဖြစ် ထိန်းသိမ်းထားသည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ဆိုသည်
-
ရွေးကောက်ပွဲဝင် အမျိုးသမီးများ ခွဲခြားဆက်ဆံမှု ကြုံတွေ့နေရဆဲ
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၉၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမျိုးသမီးပါဝင်မှု အများဆုံးဖြစ်သည်
-
ဘိန်းဘုရင်ခွန်ဆာလက်ရုံးတပည့်ဟောင်း ပြည်ခိုင်ဖြိုးကိုယ်စားပြု ထပ်မံယှဉ်ပြိုင်မည်
ဘိန်းဘုရင်ခွန်ဆာ၏ မွန်ထိုင်းတပ် (Mong Tai Army - MTA) ခေါ် လွယ်မော်တပ်ဖွဲ့တွင် တပ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၇၂ နှစ်အရွယ် ဦးစိုင်းမွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်