ရွေးကောက်ပွဲ
-
ဝိုင်းမော်တွင် ခွင့်ပြုချက်မရှိဘဲ မဲပုံးဖွင့်သည့် NLD မဲရုံကိုယ်စားလှယ်ကို အမှုဖွင့်
မဲပုံးအတွင်းရှိ ကြိုတင်မဲများကို ပယ်မဲအဖြစ်သတ်မှတ်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက အဆိုပြုခဲ့သော်လည်း ကျန်ပါတီများက ကန့်ကွက်ခဲ့ပြီး ညှိနှိုင်းမရသည့်အတွက် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်
-
နေပြည်တော် တပ်မတော်မဲရုံတစ်ခုတွင် ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်တောက်မှု ဖြစ်ပွား
ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကမူ လုံခြုံရေးကြိုး၏ အရည်အသွေးမကောင်းသဖြင့် ပြတ်တောက်ခြင်းဖြစ်ပြီး သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ်သာ မှတ်တမ်းတင်ထားသည်ဟု ပြောသည်
-
ပြည်သူ့အသံများကို သတင်းစာမျက်နှာပေါ်တွင်သာမက လွှတ်တော်ထဲအထိ ပို့ပေးချင်သူ
သတင်းထောက်တစ်ဦးဘဝမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်လာပြီး မတူကွဲပြားမှုများကို စိတ်ဝင်စားကာ တိုင်းရင်းသားလူမျိုးစုများအရေး လုပ်ဆောင်ပေးလိုသည်ဟု တနင်္သာရီတိုင်းလွှတ်တော် ကော့သောင်းမြို့နယ် မဲဆန္ဒနယ် (၁) တွင် ရွေးကောက်ပွဲဝင်မည့် မသူဇာမိုးမိုးအိက ပြောသည်
-
တပ်ချုပ်ပြောဆိုချက် ဥပဒေနှင့်မညီညွတ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောကြား
တပ်မတော်၏ ပြောဆိုချက်များသည် နိုင်ငံရေးပါတီနှင့်လူပုဂ္ဂိုလ်အချို့၏ တိကျရေရာ၊ သေချာမှုမရှိသည့် ပြောကြားချက်များဖြစ်ကြောင်း၊ ရွေးကောက်ပွဲပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုများကို အထူးသတိပြုကြရန်လိုကြောင်း သမ္မတရုံးက သတင်းစကားပါးသည်
-
ကမန်အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦး ပထမဆုံးအနေဖြင့် ရွေးကောက်ပွဲဝင်မည်
ကမန်အပါအဝင် တိုင်းရင်းသားလူမျိုးစုများနှင့် နိုင်ငံသားများအားလုံး အခွင့်အရေးတန်းတူ ရရှိရေးအတွက် ဆောင်ရွက်လိုသည်ဟု ဒေါ်မြင့်သိန်းက ဆိုသည်