ရွေးကောက်ပွဲ
-
တော်လှန်ရေးအိပ်မက်ကို လွှတ်တော်တွင်း၌ ဆက်မက်လိုသူ
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှစတင်ကာ ယနေ့အချိန်ထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ထင်ရှားကျော်ကြားသူ နော်အုန်းလှသည် 'သစ်ခုတ်သမားတို့ပါတီ' ဟု ကြွေးကြော်ထားသည့် UNDP ပါတီ ကိုယ်စားပြုကာ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်
-
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကိုယ်တိုင် ကြိုတင်မဲပေး
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်ဇနီးတို့ ကျန်းမာစွာဖြင့် ကိုယ်တိုင်ကြိုတင်မဲပေးခဲ့ကြသည်ဟု နေအိမ်အတွင်း ဆန္ဒမဲသွားရောက်ကောက်ခံသည့် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောသည်
-
ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား
လူထိခိုက်ခြင်းမရှိသော်လည်း ပြင်းထန်သော ဗုံးပေါက်ကွဲမှုသည် နှောင့်ယှက်ချင်သည့် သဘောဖြစ်နိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောသည်
-
၂၀၂၀ ရွေးကောက်ပွဲအလွန် အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်နိုင်ခြေ ပို၍အလှမ်းဝေးမည်
ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်၌ ရွေးကောက်ခံကိုယ်စားလှယ် ၂၂ နေရာ လစ်လပ်မည်ဖြစ်ရာ လွှတ်တော်တွင်းမှနေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပို၍ခက်ခဲမည့်အခြေအနေ ရှိနေသည်
-
မဲဆန္ဒနယ်ဟောင်းတွင် အားယူနေသည့် ဖြုတ်ချခံဝန်ကြီးချုပ်ဟောင်း
ဦးအယ်လ်ဖောင်းရှိုအပေါ် မယ်စဲ့ဒေသခံများ၏ ထောက်ခံမှုအများအပြား ရှိနေသေးသော်လည်း ပြည်သူ့ဘဏ္ဍာငွေကို ပါတီနှင့် ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲမှုကြောင့် စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှ ရပ်စဲခံရခြင်းသည် မြို့နေလူထုအတွက် သိက္ခာကျဆင်းစေသောလုပ်ရပ်ဖြစ်သည်ဟု ဒေသခံ အာဏာရပါတီဝင်ဟောင်းတစ်ဦးက ဆိုသည်