ရွေးကောက်ပွဲ
-
လှုပ်ရှားတက်ကြွနေသော မွန် နဲ့ ကယားပြည်နယ်
၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားတဲ့ အသွင်လက္ခဏာတစ်ရပ်လည်းဖြစ်၊ ပထမဆုံးအရပ်သားအစိုးရပေါ်ပေါက်ပြီး ဆင့်ပွားဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုအတွင်း တက်ရောဂါလက္ခဏာတစ်ခုလည်းဖြစ်တဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ ပေါင်းစည်းရပ်တည်ပြီး အာဏာရပါတီ NLD ကို ရင်ဆိုင်အပြိုင်ကြဲမယ့် ကိုယ်ထူကိုယ်ထ ဒေသတွင်းနိုင်ငံရေးအင်အား ထူထောင်လှုပ်ရှားမှုများဟာ ပြည်နယ်အတော်များများရဲ့ ရွေးကောက်ပွဲအခင်းအကျင်းတွေမှာ တွေ့ရှိလာရပါတယ်။
-
မဲမဆွယ်ရသည့်နေ့တွင် ဆိပ်ကြီးခနောင်တို၌ မဘသအင်အားစုများ သွေးထိုးလှုံ့ဆော်
မဘသအဖွဲ့သည် ခွင့်ပြုချက်မတင်ဘဲ ဥပဒေချိုးဖောက်ကာ မဲဆွယ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးက ဆိုသော်လည်း မဘသအဖွဲ့က မဲဆွယ်ခဲ့ခြင်းမရှိဘဲ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ လှုံ့ဆော်ခြင်းဖြစ်ကြောင်း ရဲစခန်းမှူးက ဆိုသည်
-
မိတ္ထီလာခရိုင်တွင် ကြိုတင်မဲပေးသူ တစ်သိန်းနီးပါးရှိ
တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားပြီး အမျိုးသားရေးလှုပ်ရှားမှုများ အားကောင်းသည့် မိတ္ထီလာခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၇ သိန်းကျော်ရှိပြီး အာဏာရပါတီနှင့် ဗိုလ်ချုပ်ဟောင်းဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီကြား ပြိုင်ဆိုင်မှုပြင်းထန်မည့် မဲဆန္ဒနယ်များ ပါဝင်လျက်ရှိသည်
-
ပါတီကြီးတွေကြားက ရုန်းကန်ရမဲ့ တိုင်းရင်းသားပါတီငယ်များ
၂၀၂၀ ရွေးကောက်ပွဲ အလားအလာအနေနဲ့ ရှမ်းပြည်နယ်အတွင်း ယှဉ်ပြိုင်မှုတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါမှာ ပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေး၊ SNLD နဲ့ NLD ဟာ သူတို့ ရဲ့ အခိုင်အမာအားထားရတဲ့နေရာ အများစုကို ဆက်လက်ထိန်းထားနိုင်ဦးမယ်လို့ ယူဆပါတယ် ။ ဧည့်သည်ပါတီဖြစ်တဲ့…
-
အာဏာသိမ်းနိုင်ခြေ ရှိမရှိနှင့် ရွေးကောက်ပွဲလွန်ကာလအတွက် စိုးရိမ်မှုများဖြစ်ပေါ်နေ
ရွေးကောက်ပွဲလွန်ကာလတွင် မဲရလဒ်အခြေအနေပေါ် ကြည့်၍ တပ်မတော်၏ သဘောထားနှင့် မကိုက်ညီလျှင် ကြိုတင်အစီအမံများ ရှိပြီးဖြစ်သည်ဟူသည့်သဘောမျိုး တပ်ချုပ်က နှတ်ကြောင်းပေးလိုက်သည်ဟု နားလည်မိကြောင်း ဆိုကြသည်