ရွေးကောက်ပွဲ
-
ရွေးကောက်ပွဲရလဒ်အပေါ် စောဒကတက်ရန် ပြည်ခိုင်ဖြိုးနှင့်ပါတီအချို့ ပြင်ဆင်နေ
အစိုးရဖွဲ့ရန် လိုအပ်သည့် ပမာဏကို ကျော်လွန်ရရှိပြီဟု NLD က ထုတ်ဖော်ပြောပြီးချိန်တွင် ရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေနှင့်အညီအရေးဆိုရန် ကိစ္စများစွာ ရှိနေသည်ဟု ပြည်ခိုင်ဖြိုးနှင့် ပါတီအချို့က ထုတ်ဖော်ပြောဆိုကြသည်
-
အတိုက်အခိုက်များကြားက ဝါရင့်နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဝင်းမြမြ အနိုင်ရရှိ
နိုင်ငံရေးလောကဓံအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ ဒေါ်ဝင်းမြမြသည် နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက် NLD ပါတီကိုယ်စားပြုကာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်
-
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်တွင် ပြည်ခိုင်ဖြိုး နှစ်နေရာ အနိုင်ရရှိ
ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် တစ်နေရာစီ ပြည်ခိုင်ဖြိုးက အနိုင်ရခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် လပိုင်းအတွင်းက ရောက်ရှိလာသည့် ပြောင်းရွှေ့တပ်ရင်းများ၏ မဲက အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများက ဆိုသည်
-
လက်ရှိမဲရလဒ်များအရ အစိုးရဖွဲ့နိုင်မည်ဟု NLD ယုံကြည်
ယမန်နေ့ကကျင်းပသည့် ရွေးကောက်ပွဲရလဒ်များအားလုံး ရေတွက်ပြီးစီးခြင်းမရှိသေးသော်လည်း နောက်ဆုံးရရှိသည့် ကိန်းဂဏန်းများအရ အစိုးရဖွဲ့နိုင်မည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
-
တပ်မိသားစုဝင်မဲဆန္ဒရှင် သောင်းချီရှိသည့် မိတ္ထီလာခရိုင်တစ်ခုလုံး NLD ပါတီအနိုင်ရ
မိတ္ထီလာခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အချို့သော နိုင်ငံရေးပါတီများမှာ ဘဲဥပင်မကွဲကြောင်းနှင့် အဓိကအားဖြင့် အနီနှင့် အစိမ်းသာ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက မိတ္ထီလာလွင်ပြင်တစ်ခုလုံးတွင် အောင်ပွဲခံခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်