ရွေးကောက်ပွဲ
-
ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ အများဆုံးအနိုင်ရ
ရခိုင်အမျိုးသားပါတီသည် ပြည်ထောင်စုလွှတ်တော် ၁၃ နေရာအနက် ၈ နေရာ အနိုင်ရခဲ့ပြီး ကျန် ၅ နေရာကို အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ နေရာ၊ ပြည်ခိုင်ဖြိုးနှင့် ရခိုင့်ဦးဆောင်ပါတီတို့က ၁ နေရာစီ ရရှိခဲ့သည်
-
ကချင်ပြည်နယ် အင်ဂျန်းယန်တွင် NLD သုံးနေရာ ရှုံးနိမ့်
အင်ဂျန်းယန်မြို့နယ်တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာ၊ KSPP မှ လမာနော်အောင်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် မရမ်ဂျာဆိုင်းခေါန်တို့ အနိုင်ရရှိခဲ့သည်
-
ရခိုင်နှင့် ကရင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဒေါ်ထုမေနှင့် နော်လှလှစိုး ဦးဆောင်နေ
ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်နေသည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းနှင့် NLD ပါတီကိုယ်စားလှယ်လောင်းတို့မှာ လက်ရှိမဲရေတွက်မှုအရ ရှေ့တန်းမှ ဦးဆောင်လျက်ရှိသည်
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ အနိုင်ရ
၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးတွင် ပြိုင်ဘက်များကို ပြည်ခိုင်ဖြိုးက မဲအပြတ်အသတ်ဖြင့် နိုင်ဖူးသည့် နေရာတွင် ဥက္ကဋ္ဌကိုယ်တိုင်ဝင်ပြိုင်မှ မဲကွာဟချက် လျော့ကျခဲ့ရခြင်းဖြစ်သည်
-
ချင်းပြည်နယ်တစ်ခုလုံးနီးပါး NLD အပြတ်အသတ်အနိုင်ရ
လွှတ်တော်သုံးရပ်လုံးအတွက် ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၉ နေရာရှိသည့်အနက် NLD ပါတီက ၃၅ အထိ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲထက် ၅ နေရာ ပိုမိုအနိုင်ရရှိခဲ့သည်