ရွေးကောက်ပွဲ
-
ပြည်ခိုင်ဖြိုးရုံးချုပ်ရှိရာ နေပြည်တော် ဒက္ခိဏသီရိတွင် NLD ကို ထပ်မံအရေးနိမ့်
ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တည်ရှိရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် လည်ဆယ်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်သည် NLD ပြိုင်ဖက်ဟောင်း ဦးသန့်ဇင်ထွန်းကို ဒုတိယအကြိမ် ရှုံးနိမ့်ခဲ့သည်
-
အာဏာရ NLD ပါတီ ကချင်ပြည်နယ်တွင်လည်း ပြတ်ပြတ်သားသား အနိုင်ရနေ
ခေါန်လန်ဖူးနှင့် နောင်မွန်းမြို့နယ်တို့မှ ရွေးကောက်ပွဲမဲရလဒ်များ မသိရှိရသေးသော်လည်း ပြည်ထောင်စုလွှတ်တော်နေရာ ၃၀ ရှိသည့် ကချင်ပြည်နယ်တွင် NLD ၂၃ နေရာဖြင့် အများဆုံးအနိုင်ရရှိထားသည်
-
ပြည်ခိုင်ဖြိုးမှ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း ဘောလခဲတွင် ထပ်မံအနိုင်ရ
၂၀၁၅ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဘောလခဲ၌ ဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းသည် ယခုရွေးကောက်ပွဲတွင်လည်း ပြိုင်ဘက် NLD ကို ထပ်မံအနိုင်ရခဲ့သည်
-
ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ထက်ဝက်ကျော်တွင် NLD အနိုင်ရ
ကယားပြည်နယ်တွင် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း မဲဆန္ဒနယ် ၁၉ နေရာအနက် NLD က ၁၁ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က ၅ နေရာနှင့် ပြည်ခိုင်ဖြိုးက ၃ နေရာ အနိုင်ရခဲ့သည်
-
ပန်းဘဲတန်းမြို့နယ်တွင် NLD အမတ်လောင်း စည်သူမောင် မဲအပြတ်အသတ်ဖြင့် အနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုကာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကိုစည်သူမောင်မှာ မဲရေတွက်ပြီးချိန်တွင် ခိုင်လုံမဲ တစ်သောင်းကျော်ဖြင့် အနိုင်ရရှိခဲ့သည်