ရွေးကောက်ပွဲ
-
မန္တလေးတွင် အမျိုးသားရေးစတစ်ကာကမ်ပိန်း ဦးဆောင်သူနှစ်ဦးကို အမှုဖွင့်
ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် အမျိုးသားရေးစတစ်ကာများ ဦးဆောင်ဝေငှခဲ့သူနှစ်ဦးကို ဘာသာရေးအကြောင်းပြုကာ ဆန္ဒမဲပေးရန် လှုံ့ဆော်သည်ဆိုကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်
-
တပ်ချုပ်နှင့် တွေ့ဆုံခဲ့သည့် ၃၄ ပါတီအနက် တစ်နေရာမှအနိုင်မရသည့်ပါတီ ၂၉ ခုရှိ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နေပြည်တော်၌ အားကိုးတကြီး သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၃၀ ကျော်သည် ကိုယ်စားလှယ်လောင်းပေါင်း ၂၀၀၀ ကျော်ဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြသော်လည်း နေရာအနည်းငယ်စီသာ အနိုင်ရရှိခဲ့သည်
-
မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်စိုင်းမွန်း တန့်ယန်း ပြည်နယ်လွှတ်တော်နေရာ အနိုင်ရ
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဦးစိုင်းမွန်းသည် ထောက်ခံမဲ ၁၁,၀၀၀ ကျော်ဖြင့် အနိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ကိုယ်စားလှယ်လောင်းက ထောက်ခံမဲ ၈,၉၀၀ ကျော်သာ ရရှိခဲ့သည်
-
ရွေးကောက်ပွဲရလဒ်များ တစ်ပတ်အတွင်း အပြီးကြေညာမည်ဟု ကော်မရှင်ပြော
ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဆိုသော ဝေဖန်ချက်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပြီး အခြေအမြစ်မရှိသောကြောင့် ထည့်သွင်းစဉ်းစားရန် မရှိဟု ဆိုလိုက်သည်
-
ဦးကိုကိုကြီးနှင့် ဒေါ်သက်သက်ခိုင်တို့၏ ပါတီများ လွှတ်တော်တစ်နေရာမှ အနိုင်ရမှုမရှိ
မဲရလဒ်များအရ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီပြီးလျှင် PPP ပါတီသည် လူကြိုက်အများဆုံးနှင့် ပါတီသစ်များအနက် လူထုထောက်ခံမှုအများဆုံး နံပါတ်တစ်ပါတီဖြစ်သည်ဟု PPP ပါတီဒုဥက္ကဋ္ဌက ဆိုသည်