-
Myanmar NowAugust 25, 2021နိုင်ငံတစ်ဝန်း ဆဲသံလွှမ်းတဲ့ အာဏာရှင်မွေးနေ့
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မွေးနေ့ဖြစ်သည့် ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများက ဆဲရေးတိုင်းထွာသည့် ကြွေးကြော်သံများဖြင့် ပုံစံမျိုးစုံဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ နိုင်ငံအနှံ့အပြားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဓာတ်ပုံများကို မီးရှို့ခြင်း၊ အသုဘချအခမ်းအနားပြုလုပ်ခြင်း၊ မြန်မြန်သေပါစေကြောင်း ဆုတောင်းခြင်းများအပါအဝင် မြို့ရွာအနှံ့…
Read More » -
ကိုဗစ်နိုင်တင်း (Covid-19) သံသယဖြင့် သေဆုံးမှုနှုန်း လွန်စွာမြင့်တက်နေသည့် ရန်ကုန်မြို့တွင် နေအိမ်အတွင်း လူမသိ၊ သူမသိ သေဆုံးမှုရှိလာသည်ဟု လူနေထူထပ်သည့် မြို့နယ်များရှိ လူမှုရေးကူညီရေးအသင်းများဆီက သိရသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ကျန်းမာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သေဆုံးသူ တစ်ရက်ကို…
Read More » -
၅၉နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် “ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ” ၊ “စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့အမြစ်ပြတ်ချေမှုန်းကြ” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” စသည့် ကြွေးကြော်သံများဖြင့် ရန်ကုန်တွင် ယနေ့(ဇူလိုင် ၇) နံနက်ပိုင်းက ချီတက်ဆန္ဒပြကြသည်။ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံသည် ဗိုလ်ချုပ်ကြီးနေဝင်း…
Read More » -
Myanmar NowAugust 25, 2021အင်းစိန်ထောင်အခြေအနေကို စစ်ကောင်စီသတင်းအမှောင်ချထား
ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်း ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထောင်တွင်းဆန္ဒပြမှုကို စစ်ကောင်စီကဝင်ရောက်စီးနင်းပြီး ကိုင်တွယ်ဖြေရှင်းသည့်အခြေအနေနှင့် ပတ်သက်၍ ၂၄ နာရီကျော်လာသည်အထိ တိတိပပ မသိရှိရသေးဘဲ စိုးရိမ်ပူပန်မှုများ မြင့်တက်နေလင့်ကစား စစ်ကောင်စီက သတင်းအမှောင်ချထားဆဲ ဖြစ်သည်။ ဝင်ရောက်စီးနင်းစဉ်…
Read More » -
ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသူရုပ်အလောင်းတွေများစွာရှိနေပြီး သင်္ဂြိုဟ်စက် ၃ခုစလုံး အဆက်မပြတ်သင်္ဂြိုဟ်နေသော်လည်း သင်္ဂြိုဟ်ရန်စောင့်နေရသည့် ရုပ်အလောင်းများစွာရှိနေသည်။ သေဆုံးသူအများစုမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်ပြီး ရန်ကုန်မြို့အပါအဝင်နေရာအတော်များများတွင် အောက်ဆီဂျင်လိုအပ်မှုများစွာဖြစ်ပေါ်လျက်ရှိနေသည်။ အခုလိုအောက်ဆီဂျင် လိုအပ်ချက်မြင့်နေချိန်တွင် စစ်ကောင်စီက အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် စက်ရုံအချို့အား ပုဂ္ဂလိကဆီသို့ အောက်ဆီဂျင်…
Read More »