အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်းပြီးနောက် ကမ္ဘာပေါ်တွင် မလုံခြုံဆုံးမြို့ ရန်ကုန်ဖြစ်လာ 

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် ကမ္ဘာပေါ်တွင် မလုံခြုံဆုံးမြို့အဖြစ် ထိပ်ဆုံးကရပ်တည်နေကြောင်း လန်ဒန်အခြေစိုက် The Economist မဂ္ဂဇင်း၏ သုတေသနဌာနတစ်ခုဖြစ်သည့် The Economist Intelligence Unit (EIU) က ထုတ်ပြန်သည့် ဘေးကင်းလုံခြုံသောမြို့တော်များအညွှန်းကိန်း ၂၀၂၁ တွင် ဖော်ပြထားသည်။

အဆိုပါအညွှန်းကိန်းအတွက် ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ ၏ ဒစ်ဂျစ်တယ်လုံခြုံမှု၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ လူပုဂ္ဂိုလ်နှင့် သဘာဝပတ်ဝန်းကျင် စသည့် အခြေခံအချက် ငါးရပ်ပေါ်တွင် အချက် ၇၅ ခုဖြင့် အမှတ်ပေးအကဲဖြတ်ခြင်းဖြစ်ကာ ကျယ်ပြန့်သော သုတေသနလုပ်ငန်းများအပြင် ကျွမ်းကျင်သူများနှင့်လည်း တွေ့ဆုံမေးမြန်းထားသည်ဟု EIU က ဆိုသည်။

ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ တွင် ရန်ကုန်သည် အမှတ် ၁၀၀ အတွင်း ရမှတ် ၃၉ ဒသမ ၅ မှတ်ဖြင့် မလုံခြုံဆုံးမြို့အဖြစ် ရပ်တည်နေပြီး ၎င်း၏နောက်တွင် ပါကစ္စတန်မြို့တော် ကရာချီ၊ ဗင်နီဇွဲလား၏ ကရာကတ်စ်၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့နှင့် နိုင်ဂျီးရီးယား၏ လာဂို့စ်မြို့တို့က အစဉ်လိုက်ရပ်တည်နေသည်။ 

ဘေးကင်လုံခြုံမှုအရှိဆုံးမြို့များတွင် စကင်ဒီနေးဗီယန်းနိုင်ငံတစ်ခုဖြစ်သည့် ဒိန်းမတ်၏ မြို့တော် ကိုပင်ဟေဂင်၊ ကနေဒါ၏ တိုရွန်တို၊ စင်ကာပူ၊ ဆစ်ဒနီနှင့် ဂျပန်နိုင်ငံမှ တိုကျိုမြို့တို့ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

EIU ၏ အညွှန်ကိန်းထုတ်ပြန်မှု လေးကြိမ်ရှိပြီဖြစ်ပြီး စစ်တပ်က အာဏာမသိမ်းမီနှစ်များအတွင်း ရန်ကုန်မြို့သည် ကမ္ဘာ့မြို့ကြီးများတွင် မလုံခြုံမှုအဆင့် ဒုတိယ၊ တတိယအဆင့်လိုက်ခဲ့ပြီး ၂၀၂၁ တွင် အဆိုးရွားဆုံးဖြစ်လာသည်။ 

စစ်အာဏာသိမ်းမှု ၇ လနီးပါးရှိလာချိန်တွင် ရန်ကုန်မြို့နေလူထုသည် ကျီးလန့်စာစားဘဝသို့ ရောက်ရှိသွားကာ အိမ်ပြင်မထွက်ဘဲ နေအိမ်၌ပင် နေထိုင်စေကာမူ အဖမ်းခံရ၊ အသတ်ခံရနိုင်သည်အထိ လုံခြုံမှုကင်းမဲ့သွားကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

“လူတိုင်းမှာ မလုံခြုံဘူးဆိုတဲ့ အသိကတော့ အမြဲရှိတယ်ဗျ။ အမြဲတမ်းသတိနဲ့ နေထိုင်နေရတယ်။ အချိန်မရွေး လူက ဘာမဆိုဖြစ်သွားနိုင်တယ်။ လမ်းသွားရင်းနဲ့လည်း အစစ်အဆေးခံရနိုင်တယ်။ အိမ်ထဲမှာနေရင်းနဲ့လည်း အချိန်မရွေးဝင်စစ်ဆေးတာ ခံရနိုင်တယ်” ဟု ထိုလူငယ်က ဆိုသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်များက အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ်များကို ဝင်ရောက်ဖမ်းဆီးမှု၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြန်လည်ခုခံတော်လှန်မှုကြောင့် ရန်ကုန်မြို့တွင် သေနတ်သံ၊ ဗုံးသံများလည်း နေ့စဉ်နှင့်အမျှထွက်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက် ကျန်းမာရေးစနစ်ပြိုလဲမှုကြောင့် ကိုဗစ်တတိယလှိုင်းဒဏ်ကိုလည်း လူဦးရေ ၇ သန်းကျော်ရှိသည့် ရန်ကုန်မြို့သည် အကြီးအကျယ် ရင်ဆိုင်နေရဆဲဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles