-
သတင်း
ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ရသည့် နိုင်ငံခြားငွေကို ထိန်းချုပ်တော့မည်
နိုင်ငံခြားဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းဝန်းကျင် နှိမ့်ထားသည့် ငွေလဲနှုန်းဖြင့် မဖြစ်မနေလဲပေးရမည့် စာရင်းထဲသို့ ဆန်နှင့် ဆန်ကွဲကိုပါ စစ်ကောင်စီက ထည့်သွင်းလိုက်သည်။
-
သတင်း
ငွေကြေးခဝါချမှုအမည်ပျက်စာရင်းတွင် မြန်မာ ဆက်လက်ထည့်သွင်းခံရ
ပဲရစ်အခြေစိုက် FATF အဖွဲ့က အရေးယူပြီးနောက် ပြည်ပ ငွေလွှဲပို့၊ ပေးချေမှုများ ကြန့်ကြာ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဝင်ရန် ခက်ခဲမည်ကို ဘဏ်နှင့် စီးပွားရေးအသိုင်းအဝိုင်းက စိုးရိမ်နေသည်။
-
သတင်း
မူဆယ်ကာကွယ်ရေးအဖွဲ့ဖျက်သိမ်း၊ သတ်ဖြတ်မှု ကျူးလွန်သူများကို ပြစ်ဒဏ်ချ
တရုတ်နယ်စပ် PSDA အဖွဲ့အတွင်း အချင်းချင်းပစ်သတ်မှုကို NUG က စစ်ဆေးပြီး ထောင်ဒဏ်၊ နယ်နှင်ဒဏ်များ ချမှတ်လိုက်သည်၊ အဖွဲ့ဝင်ဟောင်းများက အမည်သစ်ဖြင့် ဆက်လက် ရပ်တည်နေကြသည်။
-
သတင်း
PDF မပေါ်ခင် ထောင်ကျနေသည့် ဆရာဝန် PDF ထောက်ပံ့သူဟု စွပ်စွဲခံခဲ့ရ
ထောင်ဘူးဝတွင် ပြန်အဖမ်းခံရသော CDM ဆရာဝန်ကို စစ်ကောင်စီက မဖြစ်နိုင်သည့် အမှုတစ်ခု ဆင်ပြီးနောက် ရက်များမကြာမီ ခြွင်းချက်နှင့် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။
-
သတင်း
အာဆီယံဒေသတွင်း နယ်စပ်စီမံခန့်ခွဲမှုအစည်းအဝေးတက်ရန် စစ်ကောင်စီကို ထိုင်းအစိုးရဖိတ်ကြား
အာဆီယံနိုင်ငံများကြား စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် သဘောထားကွဲပြားနေသည့်တိုင် ထိုင်းနိုင်ငံသည် အာဏာသိမ်း မြန်မာစစ်တပ်နှင့် အဆက်အဆံမပျက်ရှိနေသည်။



