အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငွေကြေးခဝါချမှုအမည်ပျက်စာရင်းတွင် မြန်မာ ဆက်လက်ထည့်သွင်းခံရ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အပြည့်အဝအကောင်အထည်မဖော်နိုင်သေးသဖြင့် မြန်မာကို အမည်ပျက်စာရင်းတွင် ဆက်လက် ထားရှိကြောင်း ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) အဖွဲ့က ဖေဖော်ဝါရီ ၂၄ တွင် ထုတ်ပြန်သည်။

မြန်မာကို ၂၀၂၂ အောက်တိုဘာတွင် မြောက်ကိုးရီးယားနှင့် အီရန်နိုင်ငံတို့နှင့်အတူ အမည်ပျက်စာရင်းသွင်းခဲ့ပြီး လေးလကြာပြီးနောက် ထိုစာရင်းကို အပြောင်းအလဲမရှိ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

ငွေကြေးခဝါချမှုအဓိကနယ်ပယ်များကို သိနားလည်မှုမြင့်တင်ခြင်း၊ ဟွန်ဒီငွေလွှဲလုပ်ငန်းများကို ကြီးကြပ်ခြင်းနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းမှုလုပ်ငန်းမြှင့်တင်ခြင်းအပါအဝင် FATF အဖွဲ့က ထောက်ပြထားသည့် အချက်ရှစ်ချက်နှင့်  အရေးယူဆောင်ရွက်ချက်များကို ဆက်လုပ်သင့်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စစ်အာဏာမသိမ်းမီက ငွေကြေးခဝါခမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့နှင့် ပတ်သက်၍ FATF က အကြံပြုထောက်ပြခဲ့ပြီးနောက် လိုက်နာမှုအားနည်းသည်ဆိုကာ တိုးတက်မှုစောင့်ကြည့်ရမည့် မီးခိုးရောင်စာရင်း (Gray List) တွင် မြန်မာကို ထည့်သွင်းခဲ့သည်။ 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အမည်ပျက်စာရင်း (Blacklist) သွင်းခဲ့သည်။ သို့သော်လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အနှောင့်အယှက်မဖြစ်စေနိုင်‌ဟု ဆိုသည်။ 

အမည်ပျက်စာရင်းကြောင့် ငွေလွှဲပို့ခြင်း၊ ငွေပေးချေခြင်းအတွက် သတင်းအချက်အလက်များကို အခြားနိုင်ငံများက ပိုမိုတောင်းခံလာသဖြင့် အချိန်ကြံ့ကြာမှုရှိနိုင်ကြောင်း ဘဏ်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုနှင့်အတူ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာနေသလို ရင်းနှီးမြှုပ်နှံမှုအသစ်များ ရရှိရေး ရုန်းကန်နေရချိန်တွင် အမည်ပျက်စာရင်းအသွင်းခံရမှုကြောင့် အကြီးအကျယ်ရိုက်ခတ်မှုရှိနိုင်ကြောင်း စီးပွားရေးလေ့လာစောင့်ကြည့်သူများက  ဆိုသည်။

စစ်တပ်က အကြိမ်ကြိမ် အာဏာသိမ်းခဲ့ဖူးသည့် မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့၏ အထူးစောင့်ကြည့်ရန် လိုအပ်သော နိုင်ငံများစာရင်းတွင် ၂၀၁၄ မှ ၂၀၁၆ အထိ ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် အပြည့်အဝ ပူးပေါင်းပါဝင်မှု မရှိသော နိုင်ငံများစာရင်းထဲ ထည့်သွင်းခြင်းခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button