-
သတင်း
ဘဏ်မှ ငွေထုတ်များသူများကို အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်
တော်လှန်ရေးအင်အားစုများ၏ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများကြောင့် ဒေသအချို့တွင် ဘဏ်များပိတ်သိမ်းနေရချိန် မြို့ကြီးများတွင် လူအများ ဘဏ်မှ ငွေထုတ်များနေချိန် ငွေထုတ်များသူများကို စောင့်ကြည့်အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သော ကမ္ဘောဇဘဏ်သည် တိုက်ပွဲပြင်းထန်နေသည့် ကယားပြည်နယ်တွင် ဘဏ်ခွဲအားလုံးပိတ်ထားကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ…
-
သတင်း
နိုင်ငံတစ်ဝန်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေ
ရှမ်းမြောက်အခြေစိုက် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်ပေါင်း ၂၀ ကျော် အကြာတွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအကျဆုံးသော လမ်းကြောင်းများ ဖြတ်တောက်ခံထားရသည့်နည်းတူ နိုင်ငံအနောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတချို့လည်း ပြတ်တောက်နေသည်။ အောက်တိုဘာ ၂၇ ရက်နေ့တွင် ကိုးကန့်တပ်မတော်…
-
သတင်း
ကောလင်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားကျပ်သန်း ၉၀၀ ကျော် NUG ထိန်းသိမ်း
တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းယူထားသည့် ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေသန်းပေါင်း ၉၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ယနေ့ (နိုဝင်ဘာ ၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ သိမ်းဆည်းထားသည့် ထိုငွေများကို NUG ၏…
-
သတင်း
သာစည်တွင် ကင်းလှည့်စစ်သားများ တိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံး
သာစည်မှ ဝမ်းတွင်းမြို့နယ်ဘက်သို့ ဆိုင်ကယ် ၂ စီးဖြင့် ရောက်လာသည့် စစ်သားလေးဦးကို လက်ဦးမှုယူကာ ပစ်ခတ်ခဲ့သည်ဟု ဝမ်းတွင်းမြို့နယ်ပျောက်ကြားတပ်ဖွဲ့ (WTRF) က ပြောသည်။
-
သတင်း
မြင်းခြံ၊ ပျားရွာသား ၆ ဦးကို သတ်ဖြတ်သွားသည့် စစ်ကြောင်း တိုက်ခိုက်ခံရ
နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျားရွာကို စီးနင်းပြီး ၃ နှစ်သမီးအပါအဝင် ဒေသခံများကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့ (နိုဝင်ဘာ ၉) တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။ အင်အား ၃၀…



