-
လူမှုနယ်ပယ်
ကိုရီးယားအိပ်မက် ပျက်ပြယ်ပြီး ထိုင်းတွင် ခုန်ချလိုက်ရသည့် လူငယ်တစ်ဦး၏ ခရီးလမ်း
တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် နှစ်နှစ်ခန့် အပတ်တကုတ် ကြိုးစားပြင်ဆင်ထားသူ ရန်ကုန်မြို့မှ အသက် ၂၆ နှစ်အရွယ် ကိုစော*သည် ယခုနှစ်ဆန်းပိုင်း ရုတ်တရက် ပေါ်ထွက်လာသော စစ်မှုထမ်းဥပဒေကြောင့် သူ၏ ကိုးရီးယားအိပ်မက်ကို စွန့်လွှတ်လိုက်ရသည်။ မတ်လအတွင်းက ရန်ကုန်၊ မြောက်ဒဂုံ၊ ပင်လုံခန်းမတွင် တောင်ကိုရီးယားအလုပ်အကိုင်…
-
စီးပွားရေး
ဒေါ်လာစျေးအမြင့်ဆုံးသို့ရောက်နေပြီး စျေးကွက်အတွင်းဝယ်မရသည်အထိပြတ်လပ်လာ
သမိုင်းတလျှောက်အမြင့်ဆုံးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄,၁၀၀ ကျော်အထိ မြင့်တက်လာပြီးနောက် ပြည်တွင်းစျေးကွက်အတွင်း ဒေါ်လာဝယ်မရသည်အထိ ပြတ်လပ်နေသည်။
-
သတင်း
ရုရှားနှင့် စစ်ကောင်စီ ထားဝယ်ရေနက်ဆိပ်ကမ်းပူးပေါင်းအကောင်ထည်ဖော်ရန် ဆွေးနွေးနေ
မြန်မာနိုင်ငံတောင်ဘက်ပိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ပူးတွဲအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့အကြား ကနဦးအဆင့်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ ထိုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံရှိ ရုရှားသံတမန်များနှင့် ရုရှားနိုင်ငံ ပုဂ္ဂလိကုမ္ပဏီများက ဆက်သွယ်လာပြီးနောက် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ…
-
လူမှုနယ်ပယ်
ဆစ်ခ်တော်လှန်ရေးရဲဘော်တစ်ဦး၏ လက်နက်ကိုင်ခရီး
မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက သစ်ရိပ်ဝါးရိပ်များမိုးထားသည့် လျှိုမြောင်တစ်ခုအတွင်း၌ ဆယ်နှင့်ချီသော လူငယ်လူရွယ်တချို့ ကျောက်တုံးသယ်သူက သယ်၊ ဝါးခုတ်သူက ခုတ်ဖြင့် အလုပ်ရှုပ်နေကြသည်။ လွန်ခဲ့သောဧပြီလ၏ အပူချိန်ကြောင့် သူတို့ခန္ဓာကိုယ်တွင် ရေချိုးထားကြသလို ချွေးတလုံးလုံးနှင့်ဖြစ်ကြသည်။ သို့သော် သူတို့မျက်နှာနှင့် မျက်ဝန်းများက…
-
သတင်း
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ထပ်ချ၊ ထောင်ဒဏ် ၇၄ နှစ် ရှိလာ
စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် လူသိများသူတစ်ဦးဖြစ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၁၀ ရက်နေ့တွင် မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ရာ စုစုပေါင်းကျခံရမည့် ထောင်ဒဏ် ၇၄ နှစ်ဖြစ်လာသည်။ ၂၀၂၁…



